Xiaomi ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်နိုင်ငံတွင်းမှာ Redmi K60 Ultra စမတ်ဖုန်းကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုလအတွင်းမှာလည်း အဆိုပါ Redmi 60 Ultra ဖုန်းကို နာမည်ပြောင်းလဲပြီး Xiaomi 13T Series အနေနဲ့ Global စျေးကွက်အတွက် မိတ်ဆက်ဖို့စီစဥ်နေပြီဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Xiaomi ကနေ ယခုနှစ်ကုန်ပိုင်းမှာ Redmi K70 Pro ဖုန်းကိုလည်း မိတ်ဆက်လာဦးမှာဖြစ်ပါတယ်။ အခုလည်း တရုတ်နိုင်ငံတွင်း နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ Redmi K70 Pro ဖုန်းမှာပါဝင်လာမယ့် Specification တွေကို ဖော်ပြခဲ့ပါတယ်။

Digital Chat Station ရဲ့ ဖော်ပြချက်အရ Redmi K70 Pro ဖုန်းက Model Number SM8650 သို့မဟုတ် Codename Manet ဆိုပြီး နာမည်ပေးထားပြီးတော့ 50MP Primary Sensor ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 3.2x Optical Zoom ကို ထောက်ပံ့ပေးနိုင်တဲ့ Telephoto Sensor ကိုလည်း ထည့်သွင်းထားမယ်လို့ သိရပါတယ်။

Xiaomi ဟာ Redmi K70 Pro ဖုန်းအပြင် Redmi K70 ၊ Redmi K70e ဆိုပြီး အမျိုးအစား (၃) မျိုးကို မိတ်ဆက်ဖို့စီစဥ်ထားပြီး Codename တွေအနေနဲ့ Manet ၊ Vermeer နဲ့ Ingress ဆိုပြီး နာမည်ပေးထားမှာဖြစ်ပါတယ်။ ဒါ့အပြင် Redmi K70 Pro ဖုန်းက Qualcomm Snapdragon 8 Gen 3 Chipset ၊ 120W Fast Charging ပါဝင်တဲ့ 5500mAh Battery ပါဝင်မယ်လို့ သတင်းတွေအရ သိရှိရပါတယ်။

Ref – Gizmo China