Redmi က တရုတ်မှာ မကြာခင်က Redmi K70 Series ကို ကြေညာခဲ့ပြီး Redmi K70e, K70 နဲ့ K70 Pro တို့ ပါဝင်ပါတယ်။ အဲဒီ ဖုန်းတွေကို စတင် ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး ၅ မိနစ်အတွင်း အလုံးရေ ၆၀၀,၀၀၀ ကျော် ရောင်းချနိုင်တဲ့အထိ ရောင်းအားကောင်းခဲ့ပါတယ်။

Redmi K70 sreies first sale

Redmi K70 Series ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက ကြေညာခဲ့တဲ့ Redmi K60 Series ထက် ရောင်းအား ၂ ဆ ပိုများပါတယ်။ Redmi ရဲ့ အရောင်းမြှင့်တင်ရေး အထွေထွေမန်နေဂျာ Wang Teng က K Series သမိုင်းမှာ Redmi K70 Series ဟာ ရောင်းအား အကောင်းဆုံး ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

Redmi K70 Series Official Now: Check-out Pricing And Comparative Specifications | SPARROWS NEWS

Redmi K70e 12GB RAM+256GB Storage ကို ၂၈၂ ဒေါ်လာ၊ 12GB RAM+512GB Storage ကို ၃၁၀ ဒေါ်လာနဲ့ 16GB RAM+1TB Storage ကို ၃၆၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi K70 12GB RAM+256GB Storage ကို ၃၅၂ ဒေါ်လာနဲ့ 16GB RAM+1TB Storage ကို ၄၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi K70 Pro ဟာ Snapdragon 8 Gen 3 ပါတဲ့ ဈေးအချိုဆုံး ဖုန်း ဖြစ်လာပြီး 12GB RAM+256GB Storage ကို ၄၆၅ ဒေါ်လာ၊ 16GB RAM+256GB Storage ကို ၅၀၈ ဒေါ်လာနဲ့ 24GB RAM+1TB Storage ကို ၆၂၀ ဒေါ်လာ ကျသင့်ပါတယ်။

Ref : gizmochina