ဒီလ ၁၉ ရက်နေ့မှာ Redmi K70 Ultra ကို တရုတ်မှာ Xiaomi Mix Fold 4 , Mix Flip တို့နဲ့ အတူ ကြေညာခဲ့ပါတယ်။ ၂၀ ရက်နေ့မှာ Redmi K70 Ultra ကို ပထမအသုတ် ရောင်းချပေးခဲ့ပါတယ်။ ရောင်းချပြီး မကြာခင်မှာပဲ ကုမ္ပဏီက ရောင်းအားကောင်းတယ်လို့ ကြေညာခဲ့ပါတယ်။

Redmi က ပိုစတာ ၁ ခုကို ထုတ်ပြန်ခဲ့ပြီး Redmi K70 Ultra ရဲ့ အောင်မြင်မှုကို ကြွားခဲ့ပါတယ်။ ၃ နာရီအတွင်း စံချိန်တင် ရောင်းအားကောင်းခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Performance-focused Redmi K70 Extreme Edition is official with Dimensity 9300+, D1 chip

Redmi K70 Ultra အတွက် Ink Feather Black, Clear Snow White နဲ့ Ice Blue အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

 

12GB + 256GB – 358 USD

 

12GB + 512GB – 399 USD

 

16GB + 512GB – 440 USD

 

16GB + 1TB – 495 USD

 

Redmi K70 Ultra ရဲ့ Specs တွေကို ပြန်ပြောရရင် 6.67” OLED 1.5K Display တပ်ဆင်ထားပြီး HDR10+, Dolby Vision , 144Hz Refresh Rate, 480Hz Touch Sampling Rate နဲ့ 4,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display က ပြားချပ်ပြီး အလယ်မှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ထည့်သွင်းထားပါတယ်။

Redmi K70 Ultra မှာ MediaTek ရဲ့ စွမ်းရည်မြင့် Dimensity 9300+ Chipset မောင်းနှင်ထားပြီး WiFi စွမ်းရည်မှာ ၁၂ ရာခိုင်နှုန်း၊ GPS မှာ ၂၀ ရာခိုင်နှုန်းနဲ့ 5G WiFi Signal Strength မှာ ၅၈ ရာခိုင်နှုန်း ပိုကောင်းတဲ့ Pengpai T1 Signal Enhancement Chip ထည့်သွင်းထားပါတယ်။ အားသွင်းမြန်တဲ့ Surge P2 Chipset ပါလာပါတယ်။

120W Wired Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide Angle နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှုပ်နှံထားပြီး Android OS အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

 

Ref : gizmochina