Redmi ဟာ K70 Series ဖုန်းတွေကို ဒီနှစ် ပထမနှစ်ဝက်မှာ ကြေညာမယ်လို့ ထင်ပါတယ်။ Tipster Digital Chat Station က Redmi K70 Ultra ရဲ့ Battery နဲ့ အားသွင်းနှုန်းအကြောင်း သတင်းပေးလိုက်ပါတယ်။

Redmi K70 Ultra leak

သူက Redmi K70 Ultra မှာ Dimensity 9300 SoC မောင်းနှင်ထားမယ်လို့ ပြောပါတယ်။ 5,500mAh Battery နဲ့ 120W Fast Charging ပါလာမယ်လို့ သူက ပြောပါတယ်။ အရင်က သတင်းအရ 24GB LPDDR5T RAM နဲ့ 1TB UFS 4.0 Storage အထိ ထည့်သွင်းထားမယ်လို့ သိရပါတယ်။ K70 Ultra ဟာ Redmi ရဲ့ စွမ်းရည်အမြင့်ဆုံး ဖုန်း ဖြစ်လာမှာပါ။

Redmi K70 Ultra: Leaker reveals initial details about probable Xiaomi 14T  Pro - NotebookCheck.net News

Redmi K70 Ultra မှာ 8T OLED Display ပါလာမှာ ဖြစ်ပြီး 1.5K Resolution ရှိမှာပါ။ Peak Brightness က 5,000 Nits ဖြစ်ပြီး Android 14 အခြေပြု HyperOS ပါလာမှာ ဖြစ်ပါတယ်။

Redmi K70 Ultra ရဲ့ ကင်မရာ သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ အဲဒီဖုန်းမှာ IP68 ရေစိုခံစံနှုန်းပါလာမှာ ဖြစ်ပြီး အရင်နှစ်ထုတ် Redmi K60 Ultra နဲ့ တူညီမှာ ဖြစ်ပါတယ်။ Redmi K70 Ultra မှာ ပိုမို ကြံ့ခိုင်မာကျောတဲ့ အလူမီနီယမ် ဖရိမ် တပ်ဆင်ထားနိုင်ပါတယ်။

Ref : gizmochina