Xiaomi က Redmi K70 Ultra ကို တရုတ်မှာ ကြေညာလိုက်ပြီး အမိုက်စား Specs နဲ့ Feature တွေ ပါလာပါတယ်။ အနောက်ဘက်ကို ပြားချပ်တဲ့ ဖန်နဲ့ ဖုံးအုပ်ထားပြီး ထောင့်စွန်းတွေက ကွေးညွှတ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံးနဲ့ LED Flash ကို ကြီးမားတဲ့ ကင်မရာ Island ထဲ ထည့်သွင်းထားပါတယ်။ ဘေးဘက်မှာ သတ္တု ဖရိမ် ထည့်သွင်းထားပြီး IP68 ရေစိုခံစံနှုန်း ပါပါတယ်။

Performance-focused Redmi K70 Extreme Edition is official with Dimensity 9300+, D1 chip

6.67” OLED 1.5K Display တပ်ဆင်ထားပြီး HDR10+, Dolby Vision , 144Hz Refresh Rate, 480Hz Touch Sampling Rate နဲ့ 4,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ Display က ပြားချပ်ပြီး အလယ်မှာ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ထည့်သွင်းထားပါတယ်။

Performance-focused Redmi K70 Extreme Edition is official with Dimensity 9300+, D1 chip

Redmi K70 Ultra မှာ MediaTek ရဲ့ စွမ်းရည်မြင့် Dimensity 9300+ Chipset မောင်းနှင်ထားပြီး WiFi စွမ်းရည်မှာ ၁၂ ရာခိုင်နှုန်း၊ GPS မှာ ၂၀ ရာခိုင်နှုန်းနဲ့ 5G WiFi Signal Strength မှာ ၅၈ ရာခိုင်နှုန်း ပိုကောင်းတဲ့ Pengpai T1 Signal Enhancement Chip ထည့်သွင်းထားပါတယ်။ အားသွင်းမြန်တဲ့ Surge P2 Chipset ပါလာပါတယ်။

120W Wired Charging ထောက်ပံ့တဲ့ 5,500mAh Battery ပါလာပါတယ်။ အနောက်ဘက်မှာ 50MP Main, 8MP Ultrawide Angle နဲ့ 2MP Macro ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။ Display အောက်မှာ လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး Android OS အခြေပြု HyperOS မောင်းနှင်ထားပါတယ်။

Ink Feather Black, Clear Snow White နဲ့ Ice Blue အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

12GB + 256GB – 358 USD

12GB + 512GB – 399 USD

16GB + 512GB – 440 USD

16GB + 1TB – 495 USD

 

Ref : gizmochina