Redmi က အိန္ဒိယမှာ Power Bank အသစ် ၂ လုံးကို ကြေညာလိုက်ပါတယ်။ 10,000mAh နဲ့ 20,000mAh ပမာဏ ထည့်သွင်းထားပြီး Dual Input နဲ့ Output နဲ့ Two-way Fast Charging တွေ ပါလာပါတယ်။ တန်ဖိုးနည်းပေမယ့် LED  Charging Indicator ထည့်ပေးထားပါတယ်။

Power Bank ၂ လုံးစလုံးမှာ USB-A Output ၂ ခု၊ micro-USB နဲ့ Type-C တွေ တပ်ဆင်ထားပါတယ်။ 10,000mAh မော်ဒယ်မှာ 10W Fast Charging နဲ့ 20,000mAh မော်ဒယ်မှာ ပိုလန်းတဲ့ 18W Fast Charging တွေ ပါလာပါတယ်။ လစ်သီယမ် ပိုလီမာ ဘက်ထရီ အမျိုးအစား ဖြစ်ပြီး လစ်သီယမ် အိုင်းယွန်းတွေထက် ပိုသိပ်သည်းပါတယ်။

Power Bank တွေကို လက်နဲ့မြဲမြံစွာ ကိုင်တွယ်လို့ရအောင် ဖန်တီးထားပါတယ်။ Power Bank တွေရဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းအောင် Headphones နဲ့ Fitness Bands တွေလို Bluetooth Accessories တွေအတွက် Low Power Charging Mode ပါလာပါတယ်။ အပူလွန်တာနဲ့ Short-circuiting တွေကို ကာကွယ်ပေးဖို့ အလွှာ ၁၂ ထပ်နဲ့ ကာကွယ်ထားပါတယ်။

10,000mAh မော်ဒယ်ရဲ့ အရွယ်အစားမှာ 150.5×73.6×15.1mm နဲ့ 20,000mAh မော်ဒယ်မှာ 154×73.6×27.3mm ဖြစ်ပါတယ်။ ၇၉၉ ရူပီးနဲ့ ၁,၄၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၁၆,၀၀၀ နဲ့ ၃၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။ အနက်နဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပြီး mi.com ကနေ ၁၈ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena