Redmi Note 10 ရဲ့ သတင်းတွေ စတင်ထွက်ပေါ်လာနေပါပြီ။ အခုတော့ တရုတ်ကနေ အဲဒီဖုန်းရဲ့ ကြည်လင်ပြတ်သားတဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာပြီး Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ အနောက်ကင်မရာ ၃ လုံး ထည့်ထားပါတယ်။ အနောက်ကင်မရာတွေကြားမှာ 48MP စာသားကို ရေးထိုးထားပြီး ပါဝါ ခလုတ်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားတယ်လို့ ထင်ရပါတယ်။

IPS LCD မျက်နှာပြင် ၊ 8GB RAM နဲ့ Android 10 အခြေပြု MIUI 12 သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။ Chipset က မသေချာသေးပါဘူး။ MediaTek Dimensity 820 ဒါမှမဟုတ် Snapdragon 765G ပါလာနိုင်ပါတယ်။ Redmi Note 10 Series တွေကို နောက် ၁ လ ၊ ၂ လလောက်မှာ ကြေညာမယ်လို့ ပြောနေကြပါတယ်။

ပေါက်ကြားထွက်ပေါ်လာတဲ့ Screenshot ၁ ပုံမှာ Redmi Note 10 ရဲ့ Specs တချို့ကို မြင်ရပါတယ်။ ဒါပေမယ့် အဲဒီ Screenshot ဟာ Redmi Note 10 လားဆိုတာ မသေချာသေးပါဘူး။ Screenshot မှာတော့ 2.4GHz Octa-core Processor နဲ့ 8GB RAM ပါမယ်လို့ သတင်းပေးထားပါတယ်။ OS က Android 10 အခြေပြု MIUI 12 ပါ။

တချို့သတင်းတွေကတော့ Redmi Note 10 Series တွေမှာ Dimensity 820 နဲ့ Dimensity 720 တွေ ထည့်သွင်းထားမယ်လို့ ဆိုနေကြပါတယ်။ Screenshot က 2.4GHz Clock Speed အရတော့ အဲဒီ Chipset တွေ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ လက ကြေညာခဲ့တဲ့ Dimensity 800U Chipset ကတော့ 2.4GHz အထိ မြန်ပါတယ်။ ဒါပေမယ့် Snapdragon 765G ဟာလည်း အဲဒီ အမြန်နှုန်းရှိတဲ့အတွက် Chipset က မသေချာမရေရာသေးပါဘူး။

Ref : gizchina