ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက Redmi Note 10 4G ကို တရုတ်ရဲ့ TENAA ဝက်ဘ်ဆိုက်မှာ ပထမဦးဆုံးအဖြစ် တွေ့ခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာ Pro အမျိုးအစားလည်း ရှိသေးတယ်လို့ သတင်းထွက်ခဲ့ပေမယ့် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ခဲ့ပါဘူး။ အခုတော့ FCC listing မှာ Note 10 Pro ကို တွေ့မြင်လာရပြီပဲဖြစ်ပါတယ်။

FCC listing မှာ မော်ဒယ်နံပါတ် M2101K6G နဲ့အတူတွေ့မြင်ရတာက 4G device ဖြစ်ကြောင်းနဲ့၊ GSM, LTE နဲ့ WCDMA ကွန်ရက်တွေကို ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဟန်းဆက်မှာ Dual-band Wi-Fi, Bluetooth BR/EDR နဲ့ LE ချိတ်ဆက်မှုတွေအပြင်၊ NFC နဲ့ FM receiver တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် MIUI 12 ကိုလည်း Boot လုပ်မှာဖြစ်ပါတယ်။

XiaomiUI Telegram group ကတော့ ဒီ Device ရဲ့ ကုဒ်နာမည်ဟာ “sweet” ဖြစ်တယ်လို့ ဖော်ပြလာပါတယ်။ ဒါ့အပြင် ဟန်းဆက်ရဲ့ အခြားအချက်အလက်တွေအဖြစ် IPS LCD မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ကြောင်းနဲ့ Snapdragon 732G chipset ကို အသုံးပြုမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကျောဘက် ကင်မရာပိုင်းမှာတော့ 64MP Samsung S5KGW2 sensor အပါအဝင် Ultra-wide + Macro + Depth sensor စတဲ့ ကင်မရာလေးလုံးတပ်ဆင်ထားမယ်လို့ ဆိုပါတယ်။ Redmi Note 10 Pro မှာတော့ 5,050mAh ပမာဏ ဘက်ထရီကို တပ်ဆင်အသုံးပြုထားမယ်လို့ ဆိုပါတယ်။ ကျန်တဲ့အသေးစိတ်အချက်အလက်တွေကိုတော့ သိရခြင်းမရှိသေးတာကြောင့် ဆက်ပြီးစောင့်ဆိုင်းရဦးမှာ ဖြစ်ပါတယ်။

Ref: GSM Arena