Redmi က ၂၀၂၃ ခုနှစ်မှာ Note 11 Series ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မှာဖြစ်ပြီး အဲဒီဖုန်းက Redmi Note 11 Pro 2023 ဖြစ်ပါတယ်။ မကြာခင်က အဲဒီဖုန်းဟာ Certification Website များစွာကို ရောက်လာပြီ ဖြစ်ပြီး TKDN Certification မှာ တွေ့လာရပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးနေပါပြီ။

Redmi Note 11 pro 2023 TKDN

အင်ဒိုနီးရှားရဲ့ TKDN Website မှာ Note 11 Pro 2023 ရဲ့ မော်ဒယ်နံပါတ်ဟာ 2209116AG ဖြစ်ပါတယ်။ အဲဒီမှာ Specs တွေကို မဖော်ပြထားပေမယ့် အင်ဒိုနီးရှားနဲ့ တခြား နိုင်ငံတွေမှာ မကြာခင် ကြေညာတော့မှာပါ။ ၂၀၂၃ ခုနှစ် အစောပိုင်းမှာ ကြေညာနိုင်ပြီး ကုမ္ပဏီက ကြေညာမယ့်နေ့ကို မပြောသေးပါဘူး။

Xiaomi Redmi Note 11 Pro 2023 leaks ahead of global launch - NotebookCheck.net News

အရင်သတင်းတွေအရ Redmi Note 11 Pro 2023 ဟာ စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး မြင့်မားတဲ့ Specs တွေ ပါလာမှာပါ။ Geekbench က စာရင်းအရ Octa-core Snapdragon 732G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 8nm Process နဲ့ တည်ဆောက်ထားတဲ့ လျှင်မြန်တဲ့ စွမ်းရည်သင့် SoC ဖြစ်ပါတယ်။ 2.3GHz ARM Cortex-A76 Core ၂ လုံးနဲ့ 1.8GHz ARM Cortex-A55 Core ၆ လုံး တပ်ဆင်ထားပါတယ်။

ဒါပေမယ့် အဲဒီဖုန်းကို Google Play Console မှာ ၃ နှစ်သက်တမ်းကြာပြီ ဖြစ်တဲ့ Snapdragon 712 Chip ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီအတွက် ဘယ် SoC ပါလာမလဲ ဆိုတာ မသေချာသေးပါဘူး။ Geekbench က သတင်းအချက်အလက်တွေက မှားခဲပါတယ်။

Geekbench က စာရင်းအရ Redmi Note 11 Pro 2023 မှာ Android 11 နဲ့ 8GB RAM ထည့်သွင်းထားပြီး ရောင်းချချိန်မှာ အနည်းဆုံး Android 12 ပါလာနိုင်ပါတယ်။ ဖုန်းရဲ့ တခြား Specs တွေကို လက်ရှိမှာ မသိရသေးပါဘူး။

Ref : gizmochina