Redmi ဟာ Note 12 Series ကို ဖန်တီးနေပြီ ဖြစ်ပြီး ဒီနှစ်မကုန်ခင် တရုတ်မှာ ရောင်းချနိုင်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေဟာ တရုတ်က 3C မှာ မှတ်ပုံတင်ထားပြီ ဖြစ်ပြီး အနည်းဆုံး မော်ဒယ် ၃ ခု ထွက်လာမှာပါ။ အဲဒါတွေက Redmi Note 12, 12 Pro နဲ့ 12 Pro+ တို့ ဖြစ်ပါတယ်။

120W charging? Pfft. 150W is on its way - StuffSA

3C က ဒေတာတွေအရ 22101316UC, 22101316UCP နဲ့ 22101316C မော်ဒယ် ၃ မျိုးထွက်လာမှာ ဖြစ်ပြီး Note 12 Pro+, 12 Pro နဲ့ Note 12 တို့ အသီးသီး ဖြစ်ကြပါတယ်။ Note 12 Pro+ မှာ အလွန်မြန်တဲ့ 210W Charging ပါလာမှာပါ။

Xiaomi ဟာ 200W Charging ကို အောင်မြင်စွာ ဖန်တီးနိုင်ပြီ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်က ကြေညာခဲ့ပါတယ်။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ နှစ်က 120W Charging ကို Redmi Note Series စမတ်ဖုန်း ၁ လုံးမှာ ထည့်သွင်းပေးခဲ့ပါတယ်။ အခုလည်း Redmi Note 12 Pro+ မှာ အလွန်မြန်တဲ့ အားသွင်းနှုန်းကို ပံ့ပိုးပေးတော့မှာပါ။

Redmi Note 12 Pro မှာ 120W Charging နဲ့ Note 12 မှာ 67W Charging တွေ ပါလာမှာပါ။ 210W Xiaomi Charger ကိုလည်း 3C မှာ မှတ်ပုံတင်ထားပြီး Redmi Note 12 Pro+ မှာ ထည့်သွင်းထားမှာပါ။ Xiaomi ရဲ့ 210W Charging ဟာ ၁၀ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်မယ်လို့ ထင်ပါတယ်။

ပေါက်ကြားသတင်းတွေအရ Note 12 Series မှာ 50MP Main , 8MP Ultrawide နဲ့ 2MP ကင်မရာတွေ တပ်ဆင်ထားမှာပါ။ Note 12 Pro နဲ့ Note 12 Pro+ မှာ တူညီတဲ့ Dimensity 1300 Chipset မောင်းနှင်ထားမှာပါ။ အဲဒီ ဖုန်းတွေကို တရုတ်မှာ အရင်ဆုံး ရောင်းမှာ ဖြစ်ပြီး နောက်ပိုင်းကျမှ နိုင်ငံတကာမှာ ရောင်းချနိုင်ပါတယ်။

Ref : gizchina