Xiaomi ကနေ Redmi Note 12 Series ဖုန်းတွေကို ပြီးခဲ့တဲ့လပိုင်းတုန်းက မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး Redmi K60 Series ဖုန်းတွေကို မိတ်ဆက်ခဲ့တဲ့ Launch Event မှာ နောက်ထပ် Redmi Note 12 Series ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 12 Pro Speed Edition ကို ထပ်မံမိတ်ဆက်လိုက်ပါတယ်။

Redmi Note 12 Pro Speed Edition ဟာ Design ပိုင်းမှာ လေးထောင့်ပုံစံပြုလုပ်ထားပြီး 6.67″ AMOLED Display ပါဝင်မှာဖြစ်ပါတယ်။ Display Specs တွေအနေနဲ့ Full HD+ Resolution ၊​ 120Hz Refresh Rate ၊ 900 nits Peak Brightness နဲ့ HDR10+ တွေကိုထောက်ပံ့ပေးထားပါတယ်။

Performance ပိုင်းမှာတော့ Redmi Note 12 Pro Speed Edition ဖုန်းဟာ Snapdragon 778G Processor ကို အသုံးပြုထားပြီး အမြင့်ဆုံး RAM 12GB + 256GB Storage ပါဝင်မှာဖြစ်ပါတယ်။ Xiaomi ရဲ့ ပြောကြားချက်အရ Heat တက်တာကို ကာကွယ်ပေးနိုင်ဖို့အတွက် Layer ပေါင်း ၁၂ ခုပါဝင်တဲ့ Cooling System ကို အသုံးပြုထားတယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ Triple Camera Setup ကို အသုံးပြုထားပြီး 108MP Main Camera Sensor အပြင် 8MP Ultra-wide Sensor နဲ့ 2MP Macro Sensor တွေပါဝင်မှာဖြစ်ပါတယ်။ Selfie Camera ကိုတော့ 16MP Sensor ကို Center Punch-hole အနေနဲ့ ထည့်သွင်းပေးထားပါတယ်။

ကျန်တဲ့ Feature တွေအနေနဲ့ကတော့ 67W Fast Charging ပါဝင်တဲ့ 5000mAh Battery ပါဝင်ပြီးတော့ Android 12 ကို အခြေခံထားတဲ့ MIUI 14 ကို အသုံးပြုထားမှာဖြစ်ပါတယ်။ တခြား USB-C Port ၊ 3.5mm Audio Jack ၊​ Wi-Fi 6 ၊​ Bluetooth 5.2 ၊​ X-Axis Linear Motor တွေလည်းပါဝင်မှာဖြစ်ပါတယ်။

Redmi Note 12 Pro Speed Edition ဖုန်းကို Shimmer Green ၊​ Time Blue နဲ့ Midnight Black ဆိုပြီး အရောင် ၃ မျိုး မိတ်ဆက်ထားပြီး စျေးနှုန်းအနေနဲ့ကတော့ RAM 6GB + 128GB Version ကို 1,699 Yuan (မြန်မာငွေ ၇ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာဖြစ်ပါတယ်။

Ref – Gizmo China