Redmi Note 12 Series ရဲ့ အကောင်းဆုံး မော်ဒယ်က ဒီနှစ် နိုဝင်ဘာလမှာ ကြေညာခဲ့တဲ့ Discovery Edition ဖြစ်ပါတယ်။ 210W Charging ပါလာပြီး ၉ မိနစ်ထဲနဲ့ ဖုန်းကို အားအပြည့်သွင်းပေးနိုင်ပါတယ်။ အခုတော့ ကုမ္ပဏီက Redmi Note 12 Pro Ultra ကို ဒီလ ၂၇ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အဲဒီအတွက် Redmi K60 မိတ်ဆက်ပွဲမှာ Note Series အသစ် ၁ လုံးကို မြင်ရမှာပါ။

Redmi Note 12 Pro Ultra

Redmi Note 12 Pro Ultra မှာ Qualcomm Snapdragon 778G Chip ပါလာနိုင်ပါတယ်။ များသောအားဖြင့် Redmi Note Series တွေမှာ Dimensity Chip တွေ သုံးထားကြပါတယ်။ Snapdragon 778G ပါလာမယ့်အတွက် စွမ်းရည်မြင့်မားမှာပါ။ OLED မျက်နှာပြင်ကို သုံးထားမှာ ဖြစ်ပြီး MIUI 14 မောင်းနှင်ထားမှာပါ။

Redmi Note 12 Pro series officially confirmed to arrive with new 200 MP  camera and MediaTek Dimensity 1080 chipset - NotebookCheck.net News

အခြေခံမော်ဒယ်နဲ့ ယှဉ်ရင် Redmi Note 12 Pro Ultra မှာ MediaTek Dimensity 1080 အစား Qualcomm Snapdragon 778G ကို သုံးထားမှာပါ။ 108MP Samsung S5KHM2 CMOS အစား HM6 Sensor တပ်ဆင်ထားနိုင်ပါတယ်။

Redmi Note 12 Pro ဟာ MediaTek Dimensity 1080 သုံးထားတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ LPDDR4X Memory + UFS 2.2 Flash Storage ထည့်သွင်းထားပြီး 67W Flash Charging ပါတဲ့ 5,000mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Ref : gizchina