ဖုန်း အသစ်တွေ ရောင်းအားကောင်းတိုင်း ဂုဏ်ယူလေ့ရှိတဲ့ Xiaomi ဟာ Redmi Note 12 Series ရဲ့ အောင်မြင်မှုကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ တရုတ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က အဲဒီ ဖုန်းတွေကို ရောင်းချပေးလိုက်တာ ဖြစ်ပြီး ၁ နာရီအတွင်း အလုံးရေ ၃၅၀,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

Redmi Note 11

“11.11” ဈေးရောင်းပွဲတော် မတိုင်ခင်မှာတောင် ဒီလောက် ရောင်းအားကောင်းနေတဲ့အတွက် လာမယ့် ရက်အနည်းငယ်အတွင်းမှာ ဒီထက် ရောင်းအားကောင်းလာနိုင်ပါတယ်။ ကုမ္ပဏီက Redmi Note 12, 12 Pro , 12 Pro+ နဲ့ 12 Explorer Edition တွေကို မိတ်ဆက်ထားပြီး Specs တွေကို အောက်မှာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Redmi Note 12 မှာ Snapdragon 4 Gen 1 ၊ ၆.၆၇ လက်မ AMOLED 120Hz မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 48MP Main ကင်မရာ၊ 33W Charging ပါတဲ့ 5,000mAh ဘက်ထရီ၊ IR Blaster ၊ NFC နဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။ Note 12 Pro , 12 Pro+ နဲ့ Explorer Edition မှာ တူညီတဲ့ MediaTek Dimensity 1080 မောင်းနှင်ထားပါတယ်။ Pro မှာ 67W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ နဲ့ 108MP Main ကင်မရာ ထည့်သွင်းထားပါတယ်။

Redmi Note 12

Note 12 Pro+ မှာ 200MP Main ကင်မရာနဲ့ 120W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါလာပါတယ်။ Explorer Edition ရဲ့ Specs အများစုဟာ Note 12 Pro+ နဲ့ တူညီပေမယ့် ဘက်ထရီကို 4,300mAh အထိ လျှော့ချထားပြီး အားသွင်းနှုန်းကို 210W အထိ တိုးမြှင့်ထားပါတယ်။

Ref : gizchina