Xiaomi ဟာ လက်ရှိအချိန်မှာ Redmi Note 12 Series ဖုန်းတွေအများအပြားကို မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း နောက်ထပ် Redmi Note 12 Series ဖုန်းတစ်လုံးဖြစ်လာမယ့် Redmi Note 12T Pro ဖုန်းကို ထပ်မံမိတ်ဆက်သွားဦးမယ်လို့ ကြေညာလိုက်ပါတယ်။

အဆိုပါ Redmi Note 12T Pro ဖုန်းဟာ မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Redmi Note 11T Pro ဖုန်းရဲ့ မျိုးဆက်သစ်ဖြစ်လာမှာဖြစ်ပြီး Xiaomi ကနေ ဒီဇိုင်းဓါတ်ပုံတွေအပြင် Specification အချို့ကိုပါ ဖော်ပြခဲ့ပါတယ်။

Redmi Note 12T Pro ဖုန်းဟာ 144Hz Refresh Rate ကို ထောက်ပံ့ပေးထားတဲ့ Flat LCD Display ပါဝင်မှာဖြစ်ပြီး Performance ပိုင်းအတွက် Dimensity 8200-Ultra Chipset ကို အသုံးပြုထားမှာဖြစ်ပါတယ်။ RAM 12GB ပါဝင်မှာဖြစ်သလို Software ပိုင်းမှာလည်း Android 13 OS ကို အခြေခံထားတဲ့ MIUI 13 ကို အသုံးပြုလာမှာပါ။

တချို့သတင်းတွေအရ Redmi Note 12T Pro ဖုန်းဟာ တချို့စျေးကွက်တွေမှာ Redmi K60i နာမည်နဲ့လည်း ပြောင်းလဲမိတ်ဆက်သွားမယ်လို့ သိရပါတယ်။ Fast Charging ပိုင်းမှာ 67W Fast Charging ကို ထောက်ပံ့ပေးထားပြီး တခြားသော သတင်းအချက်အလက်တွေကိုတော့ မသိရှိရသေးပါဘူး။

Xiaomi Redmi Note 12T Pro ဖုန်းကို တရားဝင်မိတ်ဆက်မယ့်အချိန်ကို ကြေညာထားခြင်းမရှိသေးပေမယ့် ခန့်မှန်းခြေ လာမယ့် ရက်သတ္တပါတ်ပိုင်းအတွင်းမှာ မိတ်ဆက်သွားနိုင်ပါတယ်။

Ref – Gizmo China