Xiaomi က Redmi Note 13 နဲ့ Note 13 Pro ကို ကြေညာလိုက်ပါတယ်။ Redmi Note 13 မှာ 6.67” 1080x2400p 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1000 Nits Brightness ထောက်ပံ့ထားပါတယ်။

MediaTek Dimensity 6080 SoC မောင်းနှင်ထားပြီး 6/128GB, 8/128GB , 8/256GB နဲ့ 12/256GB Version တွေ ထုတ်လုပ်ထားပါတယ်။ RAM က LPDDR4X နဲ့ Storage က UFS 2.2 ဖြစ်ပါတယ်။

Redmi Note 13

အနောက်ဘက်မှာ 100MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ 33W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။ Star Sand, Midnight dark နဲ့ Time blue အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၀၉၉ ယွမ် ( ဒေါ်လာ ၁၅၀ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

Redmi Note 13 Pro မှာ Qualcomm မကြာခင်က ကြေညာထားတဲ့ Snapdragon 7s Gen 2 မောင်းနှင်ထားပြီး 8/12/16GB RAM နဲ့ 128/256/512GB Storage တွေ ထုတ်လုပ်ထားပါတယ်။

6.67” 1220×2712 120Hz မျက်နှာပြင် တပ်ဆင်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ပါပါတယ်။ အနောက်ဘက်မှာ 200MP Main , 8MP Ultrawide, 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ 67W Charging ထောက်ပံ့တဲ့ 5,100mAh Battery ပါလာပါတယ်။

Redmi Note 13 Pro tipped to launch as POCO phone globally

Midnight dark, Time Blue, Shallow dream နဲ့ Star Sand White အရောင်တွေ ထုတ်လုပ်ထားပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၁,၃၉၉ ယွမ် ( ၁၉၂ ဒေါ်လာ ဝန်းကျင်) သတ်မှတ်ထားပါတယ်။

ဖုန်း ၂ လုံးစလုံးမှာ Android 13 အခြေပြု MIUI 14 မောင်းနှင်ထားပြီး တရုတ်မှာ ရောင်းချပေးလိုက်ပါပြီ။

Ref : gsmarena