Xiaomi က စက်တင်ဘာလ ၂၁ ရက်နေ့ တရုတ်မှာ Redmi Note 13 Series ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ မိတ်ဆက်ပွဲကို ဒေသစံတော်ချိန် ည ၇ နာရီမှာ ကျင်းပမှာ ဖြစ်ပြီး Xiaomi မျှဝေထားတဲ့ ပိုစတာအရ Note 13 5G, Note 13 Pro နဲ့ Note 13 Pro+ စတဲ့ Redmi Note 13 စမတ်ဖုန်း ၃ လုံးကို ကြေညာမှာပါ။

Redmi Note 13 Pro+ (left) and Redmi Note 13 Pro (right)

ပိုစတာမှာ Note 13 Pro+ ကို ဘယ်ဘက်နဲ့ Note 13 Pro ကို ညာဘက်မှာ ပြသထားပါတယ်။ စွမ်းရည်ပိုမြင့်တဲ့ မော်ဒယ်မှာ မျက်နှာပြင်ကွေး တပ်ဆင်ထားပြီး အနောက်ဘက်မှာ Texture တွေ ထည့်သွင်းထားပါတယ်။ မော်ဒယ် ၂ ခု စလုံးမှာ 200MP Main ကင်မရာ အပါအဝင် ကင်မရာ ၃ လုံး တပ်ဆင်ထားမှာပါ။ 200MP Main ကင်မရာက Samsung ISOCELL HP3 Sensor ဖြစ်နိုင်ပြီး Redmi Note 12 Pro+ မှာ ပါတဲ့ Sensor နဲ့ တူညီနိုင်ပါတယ်။

Redmi Note 13 series to be announced on September 21

Redmi Note 13 Pro+ မှာ Dimensity 7200 Ultra Chipset မောင်းနှင်ထားနိုင်ပါတယ်။ Redmi Note 13 Series ကို မကြေညာခင်မှာ သတင်းအချက်အလက်တွေ ထပ်မံ ထွက်ပေါ်လာဦးမယ်လို့ ထင်ပါတယ်။

Redmi Note 13 Series တွေရဲ့ သတင်းအချက်အလက်တွေ အရင်က များစွာ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပါတယ်။ အခုတော့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ Redmi Note 13 Series ရဲ့ တရားဝင် သတင်းအချက်အလက်တွေကို သိရတော့မှာပါ။

Ref : gsmarena