Redmi ဟာ တရုတ် ဈေးကွက်အတွက် Note 13 Series ဖုန်း အသစ်တွေကို ဖန်တီးနေပါတယ်။ ကုမ္ပဏီဟာ Redmi Note 13 5G, Redmi Note 13 Pro 5G , Redmi Note  13 Pro+ 5G , Redmi Note 13R နဲ့ Redmi Note 13R Pro တို့ကို ကြေညာထားပြီးပါပြီ။ နောက်ထွက်မယ့် Redmi Note 13 Turbo မှာ Snapdragon 8 Series Chipset အသစ် ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Redmi Note 13 Turbo chipset

Redmi ဟာ Note 12 Turbo မှာ Snapdragon 7+ Gen 2 Chipset ထည့်သွင်းထားပြီး တရုတ်မှာ ၂၀၂၃ ခုနှစ် မတ်လမှာ ကြေညာခဲ့ပါတယ်။ အဲဒီဖုန်းကို ၂၀၂၃ ခုနှစ် မေလမှာ နိုင်ငံတကာအတွက် Poco F5 အမည်နဲ့ ကြေညာခဲ့ပါတယ်။ နောက်ထွက်မယ့် Redmi Note 12 Turbo ကို နိုင်ငံတကာမှာ Poco F6 အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Poco F6 to use Qualcomm 'SM8635' as rebranded Redmi Note 13 Turbo

Qualcomm ဟာ Snapdragon 8s Gen 3 ကို မကြာခင် ကြေညာတော့မယ်လို့ ထင်ပါတယ်။ အရင်ကတော့ Note 12 Turbo မှာ Snapdragon 7+ Gen 2 ထည့်ထားတဲ့အတွက် Note 13 Turbo မှာ Snapdragon 7+ Gen 3 ပါလာမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Note 13 Turbo မှာ Snapdragon 8s Gen 3 Chip ထည့်ထားမယ်လို့ သတင်းထွက်လာပါတယ်။

Redmi ဟာ တက်ဘလက် အသစ် ၁ လုံးကိုလည်း ကြေညာဖို့ ပြင်ဆင်နေပြီး Note 13 Turbo နဲ့အတူ ကြေညာမလားဆိုတာ မသိရသေးပါဘူး။ Poco F6 မှာလည်း Note 13 Turbo မှာလို Snapdragon 8s Gen 3 ပါလာနိုင်ပြီး နိုင်ငံတကာမှာ ဧပြီလနဲ့ မေလအတွင်း ကြေညာနိုင်ပါတယ်။

Ref : gizmochina