Xiaomi က Redmi Note 15 Special Edition ဖုန်းသစ်ကို အိန္ဒိယမှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ ဒီဖုန်းဟာ တရုတ်နိုင်ငံမှာ ရောင်းချနေတဲ့ Redmi Note 15 5G နဲ့ တူညီပြီး အရောင်အနေနဲ့ အနက်၊ အဖြူနဲ့ သားရေတုအနောက်ဘက်ကာဗာ သုံးထားတဲ့ Crimson Reserve ဆိုပြီး သုံးမျိုး ရွေးချယ်နိုင်ပါတယ်။

Snapdragon 6 Gen 3 chipset ကို အသုံးပြုထားပြီး RAM 8GB နဲ့ Storage 256GB အထိ ပါဝင်ပါတယ်။ မျက်နှာပြင်ကတော့ ၆.၇၇ လက်မရှိတဲ့ FullHD+ AMOLED display အမျိုးအစားဖြစ်ပြီး 120Hz refresh rate နဲ့ Peak Brightness က 3,200 nits အထိ ရရှိမှာ ဖြစ်တာကြောင့် ရုပ်ထွက်ကြည်လင်တောက်ပမှာ သေချာပါတယ်။

ကင်မရာပိုင်းမှာတော့ အနောက်ဘက် အဓိကကင်မရာက 50MP ဖြစ်ပြီး 2MP Depth Sensor နဲ့ တွဲဖက်ထားပါတယ်။ ရှေ့ကင်မရာကိုတော့ 20MP သုံးထားပါတယ်။ အားသာချက်တစ်ခုကတော့ 5,800mAh ဘက်ထရီအကြီးစား ပါဝင်လာတာဖြစ်ပြီး 45W အားအမြန်သွင်းစနစ်ကိုလည်း ထောက်ပံ့ပေးထားပါတယ်။
ဒီဖုန်းကို Android 15 အခြေခံ HyperOS 2 နဲ့ မောင်းနှင်မှာဖြစ်ပြီး ဖုန်းရဲ့ ဈေးနှုန်းတွေကတော့ storage ပမာဏအလိုက် အိန္ဒိယရူပီး ၁၉,၉၉၉ (ခန့်မှန်းခြေ ဒေါ်လာ ၂၁၅) ကနေ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ ဖုန်းရဲ့ ကြံ့ခိုင်မှုအတွက်လည်း MIL-STD-810H အဆင့် စစ်ဆေးမှုတွေ ခံယူထားပြီး IP55, IP66 စံနှုန်းတွေ ပါပါတယ်။ မျက်နှာပြင်အောက်လက်ဗွေရာကိရိယာ ထည့်ထားပါတယ်။
Ref : gsmarena