Redmi Note 8 Pro မှာ နောက်ဆုံးထုတ် MIUI 11 ရနေတာ ကြာနေပြီ ဖြစ်ပေမယ့် တရုတ် ပြင်ပမှာ ဒိတ်အောက်နေပြီဖြစ်တဲ့ Android 9 အခြေပြုပဲ ရထားတာပါ။ Xiaomi က Global Redmi Note 8 Pro အတွက် Android 10 Update ကို ဖန်တီးနေတာ လအနည်းငယ်ကြာနေပါပြီ။ ဒါပေမယ့် ဒီလောက်နောက်ကျပြီးမှ ဖြန့်ချိတာ ဘာကြောင့်လဲ မသိပါဘူး။

လက်ရှိမှာ Redmi Note 8 Pro အတွက် Android 10 Update ကို ပါကစ္စတန်မှာပဲ ရပါသေးတယ်။ တခြား နိုင်ငံတွေမှာ ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပါဘူး။ Update Version ဟာ MIUI 11 v.11.0.2.0.QGGEUXM ဖြစ်ပြီး Over-the-air ကနေ ရယူနိုင်ပါတယ်။ ဖိုင်အရွယ်အစားက 1.9GB ရှိပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအတွက် Security Patch လည်း ထည့်သွင်းထားပါတယ်။ System Security ပိုကောင်းလာပြီး အိန္ဒိယအတွက် Payment Security Icon ပါလာပါတယ်။ Changelog မှာတော့ အဲဒါကိုပဲ ဖော်ပြထားပါတယ်။

ဒါပေမယ့် ထူးဆန်းတာက Redmi Note 8 Pro ရဲ့ Build Version မှာ ဥရောပက မော်ဒယ်တွေအတွက်လို့ ဖော်ပြထားပြီး ပါကစ္စတန်မှာ စတင် ဖြန့်ချိပေးနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် အိန္ဒိယအတွက် Security Payment Icon ကို အိန္ဒိယမှာ ဖြန့်ချိပေးမယ့် Update မှာပဲ ထည့်သွင်းပေးထားသင့်ပါတယ်။ မကြာခင်မှာ Redmi Note 8 Pro အတွက် Android 10 Update ကို တခြား နိုင်ငံတွေမှာ ရတော့မယ် ထင်ပါတယ်။

Ref : gsmarena