[Unicode]

တရုတ်မှာ Redmi Note 8 Series တွေကို ပြီးခဲ့တဲ့ နှစ် ဩဂုတ်လမှာ ကြေညာခဲ့ပြီး လူကြိုက်အရမ်းများခဲ့ပါတယ်။ Redmi Note 8 Pro ဟာ 64MP ကင်မရာပါတဲ့ ကမာ္ဘ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ အခုတော့ Twilight Orange အရောင်ကို ရောင်းပေးလိုက်ပါပြီ။ အရင်ကတော့ Fritillaria White, Ice Emerald (Green) နဲ့ Light Gray အ‌ေ ရာင်တွေ ထုတ်လုပ်ပေးထားပါတယ်။ အရောင် အသစ်အတွက် မော်ဒယ် ၂ ခုထုတ်လုပ်ပေးထားပြီး 6/128GB ကို ၁,၃၉၉ ယွမ်နဲ့ 8/128GB ကို ၁,၅၉၉ ယွမ် သတ်မှတ်ထားပါတ ယ်။ မြန်မာငွေ ၂၉၀,၀၀၀ နဲ့ ၃၃၀,၀၀၀ လောက် အသီးသီး ကျသင့်မှာပါ။

အဲဒီဖုန်းရဲ့ Specs တွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။ IP52 စံနှုန်း ပါတဲ့အတွက် ရေစက်‌‌ေရပေါက်တွေကို ခံနိုင်ပါတယ်။ အရွယ်သေး Notch ပါတ ဲ့ ၆.၅၃ လက်မ IPS LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Full HD+ Resolution ဖြစ်ပြီး မျက်လုံး ပျက်ဆီးတာကို ကာကွယ်ပေးတဲ့ TUV Rheinland စံနှုန်း ပါပါတယ်။ Octa-core CPU ပါတဲ့ Helio G90T Chipset မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်တပ်ဆင်ထားပြီး 64MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro တွေ ဖြစ်ပါတယ်။ 20MP Selfie Camera ကို Notch မှာ ထည့်သွင်းထားပါတယ်။ Android 9 Pie အခြေပြု MIUI 10 မောင်းနှင်ထားပြီး Game Trubo 2.0 နဲ့ HyperEngine တွေကြောင့် ဂိမ်းကစားရင် အရမ်းလန်းပါတယ်။ 18W Fast Charging ပါတဲ့ အရွယ်ကြီး 4,500mAh Battery ကလည်း အရမ်း မိုက်ပါတယ်။

Ref : gizmochina

[Zawgyi]

Redmi Note 8 Pro ရဲ႕ Twilight Orange အေရာင္ကို တ႐ုတ္မွာ ‌ေရာင္းေပးလိုက္ၿပီ

တ႐ုတ္မွာ Redmi Note 8 Series ေတြကို ၿပီးခဲ့တဲ့ ႏွစ္ ဩဂုတ္လမွာ ေၾကညာခဲ့ၿပီး လူႀကိဳက္အရမ္းမ်ားခဲ့ပါတယ္။ Redmi Note 8 Pro ဟာ 64MP ကင္မရာပါတဲ့ ကမာၻ႔ ပထမဆုံး ဖုန္း ျဖစ္လာပါတယ္။ အခုေတာ့ Twilight Orange အေရာင္ကို ေရာင္းေပးလိုက္ပါၿပီ။ အရင္ကေတာ့ Fritillaria White, Ice Emerald (Green) နဲ႔ Light Gray အ‌ေရာင္ေတြ ထုတ္လုပ္ေပးထားပါတယ္။ အေရာင္ အသစ္အတြက္ ေမာ္ဒယ္ ၂ ခုထုတ္လုပ္ေပးထားၿပီး 6/128GB ကို ၁၃၉၉ ယြမ္နဲ႔ 8/128GB ကို ၁၅၉၉ ယြမ္ သတ္မွတ္ထားပါတ ယ္။ ျမန္မာေငြ ၂၉၀,၀၀၀ နဲ႔ ၃၃၀,၀၀၀ ေလာက္ အသီးသီး က်သင့္မွာပါ။

အဲဒီဖုန္းရဲ႕ Specs ေတြကို ျပန္လည္ေဖာ္ျပလိုက္ပါတယ္။ IP52 စံႏႈန္း ပါတဲ့အတြက္ ေရစက္‌ေရေပါက္ေတြကို ခံႏိုင္ပါတယ္။ အ႐ြယ္ေသး Notch ပါတ ဲ့ ၆.၅၃ လက္မ IPS LCD မ်က္ႏွာျပင္ တပ္ဆင္ထားပါတယ္။ Full HD+ Resolution ျဖစ္ၿပီး မ်က္လုံး ပ်က္ဆီးတာကို ကာကြယ္ေပးတဲ့ TUV Rheinland စံႏႈန္း ပါပါတယ္။ Octa-core CPU ပါတဲ့ Helio G90T Chipset ေမာင္းႏွင္ထားၿပီး microSD Card စိုက္ႏိုင္ပါတယ္။

အေနာက္ဘက္မွာ ကင္မရာ ၄ လုံးကို ေဒါင္လိုက္တပ္ဆင္ထားၿပီး 64MP Main , 8MP Ultrawide , 2MP Depth နဲ႔ 2MP Macro ေတြ ျဖစ္ပါတယ္။ 20MP Selfie Camera ကို Notch မွာ ထည့္သြင္းထားပါတယ္။ Android 9 Pie အေျချပဳ MIUI 10 ေမာင္းႏွင္ထားၿပီး Game Trubo 2.0 နဲ႔ HyperEngine ေတြေၾကာင့္ ဂိမ္းကစားရင္ အရမ္းလန္းပါတယ္။ 18W Fast Charging ပါတဲ့ အ႐ြယ္ႀကီး 4,500mAh Battery ကလည္း အရမ္း မိုက္ပါတယ္။

Ref : gizmochina