[Unicode]

Redmi Note 8 Pro ဟာ Specs တွေ လန်းပေမယ့် ဈေးချိုတဲ့ ဖုန်းပါ။ 64MP ပင်မ ကင်မရာ ၊ 8MP Ultrawide နဲ့ 2MP ကင်မရာ ၂ လုံး (Macro နဲ့ Depth )ပါပါတယ်။ အခုတော့ DxOMark က အဲဒီဖုန်းရဲ့ ကင်မရာတွေကို စမ်းသပ်လိုက်ပြီး ရမှတ်တွေက သိပ်မလန်းဘဲ Black Shark 2, LG V30 တို့နဲ့ တူသွားပါတယ်။

Redmi Note 8 Pro ဟာ ဓါတ်ပုံ အပိုင်းမှာ ၈၇ မှတ်နဲ့ ဗီဒီယို အပိုင်းမှာ ၇၈ မှတ်ရသွားပါတယ်။ ပင်မ ကင်မရာရဲ့ Autofocus စွမ်းရည်က သင့်တင့်ကောင်းမွန်ပြီး Portrait Shots တွေက ပြည့်စုံပါတယ်။ ဒါပေမယ့် Dynamic Range မှာ အကန့်အသတ်ရှိပြီး Autofocus က နှေးပါတယ်။  DxOMark က ရုပ်ပုံတွေ အသေးစိတ်ကျမှု အပိုင်းမှာ အကန့်အသတ် ရှိတယ်လို့ သုံးသပ်ပါတယ်။ Telephoto ကင်မရာ မပါတဲ့အတွက် Zoom ရမှတ်က နည်းသွားသလို Low Light Photography ကလည်း အားနည်းပါတယ်။

ဗီဒီယို အပိုင်းမှာ  Autofocus Tracking က အားနည်းချက်ရှိပြီး Shooting Conditions အားလုံးမှာ Noise တွေ ပါနေတာ သိသာပါတယ်။ Dynamic Range မှာ အကန့်အသတ်ရှိပြီး Indoor ဗီဒီယိုတွေမှာ လိမ္မော်‌ရောင် သမ်းနေပါတယ်။

Gsmarena က Redmi Note 8 Pro ကို Review ပြုလုပ်ထားပြီး အလင်းရောင်ကောင်းတဲ့ အခြေအနေတွေမှာ ရုပ်ထွက်တွေ မိုက်တယ်လို့ သုံးသပ်ထားပါတယ်။ Low Light နဲ့  ဗီဒီယို စွမ်းရည်က သင့်တင့်ပြီး ပေးရတဲ့ ဈေးထက် တန်တဲ့ ဖုန်းလို့  ပြောပါတယ်။

Ref : gsmarena

[Zawgyi]

DxOMark မွာ ရမွတ္ သိပ္မေကာင္းတဲ့ Redmi Note 8 Pro ကင္မရာ

Redmi Note 8 Pro ဟာ Specs ေတြ လန္းေပမယ့္ ေဈးခ်ိဳတဲ့ ဖုန္းပါ။ 64MP ပင္မ ကင္မရာ ၊ 8MP Ultrawide နဲ႔ 2MP ကင္မရာ ၂ လုံး (Macro နဲ႔ Depth )ပါပါတယ္။ အခုေတာ့ DxOMark က အဲဒီဖုန္းရဲ႕ ကင္မရာေတြကို စမ္းသပ္လိုက္ၿပီး ရမွတ္ေတြက သိပ္မလန္းဘဲ Black Shark 2 နဲ႔ LG V30 တို႔နဲ႔ တူသြားပါတယ္။

Redmi Note 8 Pro ဟာ ဓါတ္ပုံ အပိုင္းမွာ ၈၇ မွတ္နဲ႔ ဗီဒီယို အပိုင္းမွာ ၇၈ မွတ္ရသြားပါတယ္။ ပင္မ ကင္မရာရဲ႕ Autofocus စြမ္းရည္က သင့္တင့္ေကာင္းမြန္ၿပီး Portrait Shots ေတြက ျပည့္စုံပါတယ္။ ဒါေပမယ့္ Dynamic Range မွာ အကန႔္အသတ္ရွိၿပီး Autofocus က ေႏွးပါတယ္။ DxOMark က ႐ုပ္ပုံေတြ အေသးစိတ္က်မႈ အပိုင္းမွာ အကန႔္အသတ္ ရွိတယ္လို႔ သုံးသပ္ပါတယ္။ Telephoto ကင္မရာ မပါတဲ့အတြက္ Zoom ရမွတ္က နည္းသြားသလို Low Light Photography ကလည္း အားနည္းပါတယ္။

ဗီဒီယို အပိုင္းမွာ Autofocus Tracking က အားနည္းခ်က္ရွိၿပီး Shooting Conditions အားလုံးမွာ Noise ေတြ ပါေနတာ သိသာပါတယ္။ Dynamic Range မွာ အကန႔္အသတ္ရွိၿပီး Indoor ဗီဒီယိုေတြမွာ လိေမၼာ္‌ေရာင္ သမ္းေနပါတယ္။

Gsmarena က Redmi Note 8 Pro ကို Review ျပဳလုပ္ထားၿပီး အလင္းေရာင္ေကာင္းတဲ့ အေျခအေနေတြမွာ ႐ုပ္ထြက္ေတြ မိုက္တယ္လို႔ သုံးသပ္ထားပါတယ္။ Low Light နဲ႔ ဗီဒီယို စြမ္းရည္က သင့္တင့္ၿပီး ေပးရတဲ့ ေဈးထက္ တန္တဲ့ ဖုန္းလို႔ ေျပာပါတယ္။

Ref : gsmarena