မကြာခင်ရက်ပိုင်းကပဲ Redmi Note9 စီးရီးကို တရုတ်နိုင်ငံမှာ မိတ်ဆက်တော့မယ်လို့ နာမည်ကျော် Leakster Digital Chat Station က ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက် မနက်အစောပိုင်းမှာတော့ Note9 စီးရီးသုံးမျိုးရဲ့ မျက်နှာပြင်တွေဟာ LCD တွေဖြစ်ကြောင်း ပြောဆိုခဲ့ပြီး မျက်နှာပြင်အလယ်မှာ Punch-hole ရှိတဲ့ပုံတွေကို ပြသခဲ့ပါတယ်။

ဒါပေမယ့် ညနေပိုင်းမှာတော့ Note9 5G ရဲ့ အနိမ့်ပိုင်းမော်ဒယ်ဟာ မနက်ပိုင်းကပြခဲ့တဲ့ ပုံအတိုင်းမဟုတ်ဘူးဆိုတာကို ထပ်ပြီးပြသခဲ့ပြန်ပါတယ်။ ပုံမှာမြင်တွေ့ရတဲ့ဟန်းဆက် ကတော့ ဘယ်ဘက်အပေါ်ထောင့်မှာ Punch-hole တစ်ခုနဲ့အတူ Selfie ကင်မရာတစ်လုံး တပ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ ဒီ Punch-hole ရဲ့ အချင်းဟာ 3.9mm ရှိတယ်လို့လည်း Tipster က အခိုင်အမာဆိုထားပါသေးတယ်။

ဒါ့အပြင် မျက်နှာပြင်ဟာ မြင့်မားတဲ့ Refresh rate ကို ထောက်ပံ့ပေးမယ်လို့လည်း ဆိုပါတယ်။ ဒီနေရာမှာ လာမယ့် Redmi ဖုန်းဆိုပြီး စက်တင်ဘာလတုန်းက ထွက်ပေါ်လာခဲ့ဖူးတဲ့ ပကတိဓါတ်ပုံတစ်ခုကို ပြန်ပြီးသတိရမိစေပါတယ်။ အဲဒီဓါတ်ပုံထဲကဟန်းဆက်ဟာ Redmi Note9 ရဲ့ အခြေခံမော်ဒယ်ဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဓါတ်ပုံမှာတွေ့ရတဲ့ဟန်းဆက်ရဲ့ မော်ဒယ်နံပါတ်ဟာ M2007J22C ဖြစ်ပြီး 8GB of RAM ရှိတာလည်း တွေ့ရပါတယ်။ Android 10 အခြေခံတဲ့ MIUI 12 မောင်းနှင်ထားတာဖြစ်ပြီး 2.4GHz octa-core processor နဲ့အလုပ်လုပ်တာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒါဟာ Dimensity 800U chipset ကိုအသုံးပြုထားတာလည်း ဖြစ်နိုင်ပါတယ်။ M2007J22C 5G ဟန်းဆက်ကို 3C certification မှာတွေ့ရတာကတော့ 22.5W fast charger နဲ့ ဖြစ်ပါတယ်။

အခြားပေါက်ကြားဓါတ်ပုံတစ်ခုကတော့ ကျောဘက်မှာစက်ဝိုင်းပုံကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ ကင်မရာသုံးလုံးနဲ့ LED ဖလက်ရှ်တို့ကို တပ်ဆင်ထားကြောင်းကို ပြသနေပြန်ပါတယ်။ ဒါ့အပြင် 48MP ဆိုတဲ့စာသားကိုလည်း တွေ့မြင်ရပါသေးတယ်။ မော်ဒယ်နံပါတ်ကြောင့် ဒီဟန်းဆက်ကို တရုတ်နိုင်ငံပြင်ပဈေးကွက်အတွက် POCO အမှတ်တံဆိပ်အနေနဲ့ ဖြန့်ချိဖွယ်ရှိတယ်လို့လည်း ယူဆရပါတယ်။

Ref: Gizmochina