Redmi ဟာ သူတို့ရဲ့ Note 9 Series ကို လာမယ့် မတ်လ ၁၂ ရက်နေ့မှာ ပွဲထုတ်တော့မှာ ဖြစ်ပါတယ်။ Note 9 Series မှာ Vanilla Note 9 နဲ့ Pro အမျိုးအစားတို့ ပါဝင်မှာဖြစ်သလို ဒီ Device နှစ်ခုနဲ့ပတ်သက်တဲ့ အချက်အလက်အနည်းငယ်လည်း ပေါ်ပေါက်နှင့်ပြီးသား ဖြစ်ပါတယ်။

အခုတော့ Redmi Note 9 pro ကို Geekbench မှာ တွေ့မြင်လာရပြီး သေချာတဲ့အဓိက အချက်အချို့ကို သိလိုက်ရတာ ဖြစ်ပါတယ်။ Geekbench အရဆိုရင်တော့ Redmi Note 9 Pro ဟာ Android 10 မောင်းနှင်ထားပြီး 6GB of RAM နဲ့ ဖြစ်တာကို တွေ့ရပါတယ်။

System Information အောက်မှာ Motherboard ကို “Curtana” ဆိုတဲ့နာမည်နဲ့တွေ့ရပြီး အရင်က မတွေ့ခဲ့ဖူးဘူးလို့ ဆိုရမှာပါ။ ဒါပေမယ့် Single-Core ရမှတ်မှာတော့ 569 မှတ် ဖြစ်တာကိုတွေ့ရပြီး Multi-Core ရမှတ်မှာတော့ 1755 မှတ် ဖြစ်တာကိုတွေ့ရပါတယ်။

အခုအချိန်မှာတွေရတဲ့ရမှတ်တွေဟာ Redmi Note 9 Pro ရဲ့ အကြိုထုတ်လုပ်မှုကနေ ထွက်ပေါ်လာတဲ့ ရမှတ်တွေဖြစ်တာကြောင့် လက်တွေ့ဈေးကွက်ထဲဖြန့်မယ့် Device တွေမှာ ရလဒ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

Redmi ဘက်ကတော့ အခုအချိန်ထိ သူတို့ရဲ့ Note 9 Series အတွက် အချက်အလက်အပြည့်အစုံကို ထုတ်ဖော်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ကျောဘက်မှာ ကင်မရာလေးလုံးတပ်ဆင်ပေးထားမယ်ဆိုတာကိုတော့ အတည်ပြုထုတ်ပြန်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် စွဲမက်ဖွယ်ရာ ဂိမ်းကစားခြင်းအတွေ့အကြုံနဲ့ စိတ်လှုပ်ရှားစရာ အမြန်အားသွင်းစနစ်တွေလည်း ပါဝင်မယ်လို့ Teased လုပ်ထားပါသေးတယ်။

Ref: GSM Arena