Redmi ဟာ ဒီနှစ်ထဲမှာ Note 9 Series ၅ လုံးတောင် ထုတ်လုပ်ရောင်းချခဲ့ပြီးပါပြီ။ Redmi က ဒါနဲ့တင် Note 9 Series တွေကို မရပ်နားနိုင်သေးပါဘူး။ Note 9 Series ဖုန်း အသစ်တွေကို ဒီနှစ်ထဲ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က ဒီရက်ပိုင်းအတွင်း တရုတ်မှာ ကြေညာမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။

Redmi Note 9

သူက ၁၁ ရက်နေ့မှာ ရောင်းမယ်လို့ အရိပ်အမြွက် ပြောထားပြီး Redmi Note 9 Standard or Base Edition နဲ့ Redmi Note 9 High Edition ကို ကြေညာနိုင်ပါတယ်။ မကြာခင်က ပေါက်ကြားသတင်းအရ Standard Edition မှာ ၆.၅၃ လက် Full HD+ LCD မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 20:9 Aspect Ratio ပါလာမှာပါ။ MediaTek Dimensity 800U Chipset မောင်းနှင်ထားမှာပါ။

Redmi Note 9 Specifications Tipped, Renders Surface Online Ahead of Today's Launch | Technology News

ကင်မရာတွေ အကြောင်းပြောရရင် 13MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ 48MP Main အပါအဝင် အနောက်ကင်မရာ ၃ လုံး ထည့်ထားမှာပါ။ 22.5W Fast Charging ထောက်ပံ့တဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာမှာပါ။

High Edition အကြောင်းပြောရင် ၆.၆၇ လက်မ Full HD+ မျက်နှာပြင် ၊ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ပါလာမှာပါ။ Snapdragon 750G SoC နဲ့ 33W Fast Charging ထောက်ပံ့တဲ့ 4,820mAh ဘက်ထရီ ထည့်ထားမှာပါ။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး Samsung HM2 108MP ဆန်ဆာပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း အဖြစ် မှတ်တမ်းဝင်မယ်လို့ သိရပါတယ်။ အရှေ့ ကင်မရာက 16MP ဖြစ်ပါတယ်။ Specs တွေကို ကြည့်ရတာ အဲဒီဖုန်းဟာ စက်တင်ဘာလက ကြေညာခဲ့တဲ့ Xiaomi Mi 10T Lite နဲ့ တော်တော် တူပါတယ်။

Ref : gizmochina