Xiaomi ဟာ အခုနောက်ပိုင်းမှာ ထွက်ရှိထားတဲ့ Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေကိုပါ MIUI 12 နဲ့ Android 11 Update တွေ ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။ အခုလည်း Global စျေးကွက်မှာ အောင်မြင်မှုရရှိခဲ့တဲ့စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Redmi Note 9S ဖုန်းအတွက် Android 11 Stable Update ကို ထုတ်ပေးလိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Redmi Note 9S စမတ်ဖုန်းဟာ Global စျေးကွက်အတွက် သီးသန့်ရောင်းချတဲ့စမတ်ဖုန်းဖြစ်ပြီး India စျေးကွက်မှာတော့ Redmi Note 9 Pro နာမည်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ Android 11 Stable Update ဟာ MIUI 12 အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး Firmware Number အနေနဲ့ “MIUI 12.0.1.0 RJWMIXM” လို့ပေးထားတယ်လို့ သိရပါတယ်။

အခု Android 11 Update ကို Region တွေအကုန်လုံးနီးပါးအတွက် ထုတ်ပေးထားတာဖြစ်ပြီး File Size အနေနဲ့ 2.3GB ဝန်းကျင် Download ပြုလုပ်ရမှာဖြစ်ပါတယ်။ Android 11 Update နဲ့အတူ January Security Patch လည်းပါဝင်မှာဖြစ်ပါတယ်။

Xiaomi အနေနဲ့ကတော့ ပါဝင်လာတဲ့ Feature အသစ်တွေကို ထည့်သွင်းရေးသားခြင်းမရှိပေမယ့် Android 11 ရဲ့ Feature တွေဖြစ်တဲ့ Chat Bubbles ၊ One-time Permission နဲ့ Media Playback Control တွေပါဝင်လာမှာပါ။ ကျန်တဲ့ Feature ပိုင်းအနေနဲ့ကတော့ MIUI 12 ပဲရှိသေးတဲ့အတွက် ပြောင်းလဲမှုတွေအများအပြားရှိမှာမဟုတ်ဘူးလို့ ယူဆရပါတယ်။

Ref – GSM Arena