Redmi က အိန္ဒိယမှာ ပြီးခဲ့တဲ့ ၁ ပတ်က Note 9 Series တွေကို ပူပူနွေးနွေး ကြေညာခဲ့ပါတယ်။ ကုမ္ပဏီက နောက်ထပ် Redmi Note 9 မော်ဒယ် ၁ လုံးကိုလည်း ကြေညာဖို့ စီစဉ်နေပြီး အဲဒီ စမတ်ဖုန်းကို နိုင်ငံတကာမှာ ရောင်းမှာ ဖြစ်ပါတယ်။ Redmi Note 9S လို့ နာမည်ပေးထားမှာ ဖြစ်ပြီး အဲဒီ စမတ်ဖုန်းဟာ Redmi Note 9 Pro ကို ဆန်းသစ်ထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။ မတ်လ ၂၃ ရက်နေ့မှာ Redmi Note 9S ကို မလေးရှားနဲ့ ပါကစ္စတန်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။

Xiaomi Malaysia နဲ့ Xiaomi Pakistan တို့ရဲ့ တရားဝင် Facebook Pages တွေမှာ Redmi Note 9S ကြေညာမှာကို အတည်ပြုထားပြီးပြီ ဖြစ်ပြီး Geekbench က စာရင်းအရ အဲဒီ စမတ်ဖုန်းဟာ Note 9 Pro နဲ့ တော်တော်လေးကို တူညီပါတယ်။ Redmi Note 9S မှာ Snapdragon 720G Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 6GB RAM နဲ့ Android 10 တွေ ပါပါတယ်။ Note 9 Pro ရဲ့ အမှတ်နီးပါးရထားပြီး Single-core စမ်းသပ်ချက်မှာ ၅၇၁ မှတ်နဲ့ Multi-core စမ်းသပ်ချက်မှာ ၁,၇၈၀ မှတ်ရထားပါတယ်။

Redmi Note 9S ကို လာမယ့် ရက်ပိုင်းအတွင်းမှာ မျက်ဝါးထင်ထင် မြင်ရတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်မှာ Redmi Note 9 ကို မကြေညာဘဲ Redmi Note 9 Pro နဲ့ Redmi Note 9 Pro Max ကို ကြေညာခဲ့တာက ထူးခြားပါတယ်။ အခုတော့ Redmi Note 9S ပါ ထွက်လာတော့မှာပါ။

Ref : gsmarena