Xiaomi ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက Redmi Note 9 Series ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Redmi Note 9 Series ဖုန်းတွေထဲက Redmi Note 9 Pro 5G ဖုန်းကို အခုအချိန်မှာ Mi 10i 5G အနေနဲ့ Global စျေးကွက်ကို မိတ်ဆက်တော့မယ်ဆိုပြီး သတင်းတွေထွက်နေတာဖြစ်ပါတယ်။

အခုလည်း နောက်ထပ် Redmi Note 9 Series ဖုန်းတစ်လုံးကို Global စျေးကွက်အတွက် မိတ်ဆက်သွားဖွယ်ရှိနေပါတယ်။ ဒါကတော့ တရုတ်နိုင်ငံမှာ Redmi Note 9 5G နာမည်နဲ့ ရောင်းချနေတဲ့ စမတ်ဖုန်းကို Global စျေးကွက်မှာ Redmi Note 9T 5G နာမည်နဲ့ ပြောင်းလဲရောင်းချသွားမှာပဲဖြစ်ပါတယ်။

အဆိုပါ Redmi Note 9T 5G ဟာ Model Number အနေနဲ့ M200722G ဖြစ်ပြီးတော့ Malaysia ရဲ့ SIRIM Certification ၊ Thailand ရဲ့ NBTC Certification တွေကိုပါ ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ယခုလအတွင်းမှာတင် တရားဝင်ရောင်းချသွားဖွယ်ရှိနေပါတယ်။

Specification တွေအနေနဲ့ကတော့ Redmi Note 9T 5G ဟာ MediaTek Dimensity 800U Chipset ၊ 4GB RAM ပါဝင်မှာဖြစ်ပြီး Android 10 OS ကို အသုံးပြုထားမှာဖြစ်ပါတယ်။ Benchmarking Website တစ်ခုဖြစ်တဲ့ Geekbench မှာလည်း ပေါက်ကြားလာပြီဖြစ်တဲ့အပြင် Single-Core Score မှာ ၅၉၈ မှတ်နဲ့ Multi-Core Score မှာ ၁,၇၆၀ မှတ် အသီးသီးရရှိခဲ့ပါတယ်။

Xiaomi ဟာ ယခုလအတွင်းမှာ POCO C3 ကို နာမည်ပြောင်းလဲထားတဲ့ Redmi 9T ဖုန်းကိုလည်း မိတ်ဆက်ဖို့ရှိနေတဲ့အတွက် Redmi Note 9T 5G ဖုန်းကိုလည်း တစ်ချိန်တည်း မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

Ref – Giz China