Redmi က ပြီးခဲ့တဲ့နှစ်မှာ ကုမ္ပဏီရဲ့ ပထမဆုံး တက်ဘလက်ကို ကြေညာခဲ့ပြီး အခုတော့ Redmi Pad 2 ကို ဖန်တီးနေပါပြီ။ အဲဒီ တက်ဘလက်ရဲ့ အဓိက Specs တွေကို တရုတ် Tipster Digital Chat Station က မျှဝေလိုက်ပါတယ်။

Redmi Pad 2 ရဲ့ မျက်နှာပြင် အရွယ်အစားဟာ ၁၀ ကနေ ၁၁ လက်မအတွင်း ရှိနိုင်ပြီး 2K LCD Panel ကို သုံးထားမှာ ဖြစ်ကာ 90Hz Refresh Rate ပါလာမှာပါ။ 8MP အနောက်ကင်မရာနဲ့ 5MP အရှေ့ ကင်မရာ တပ်ဆင်ထားမှာ ဖြစ်ပြီး Snapdragon 680 Processor မောင်းနှင်ထားမှာပါ။ 8,000mAh Battery ပါလာနိုင်ပါတယ်။

Redmi Pad ( Wifi ) – Cinderella Myanmar

Digital Chat Station က Redmi Pad 2 ဟာ စွမ်းရည်နိမ့် မော်ဒယ်ဖြစ်မယ်လို့ ပြောပါတယ်။ တက်ဘလက်ရဲ့ တခြား သတင်းအချက်အလက်တွေကို လက်ရှိမှာ မသိရသေးပါဘူး။ ပေါက်ကြားသတင်းတွေအရ Redmi Pad 2 ဟာ အရင်မျိုးဆက်ထက် အနည်းငယ် တိုးတက်လာမှာ ဖြစ်ပါတယ်။

အရင်နှစ်ထုတ် Redmi Pad အကြောင်းပြန်လေ့လာကြည့်ရင် ၁၀.၆ လက်မ 2K မျက်နှာပြင် တပ်ဆင်ထားပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Dolby Atmos အသိအမှတ်ပြု စပီကာ ၄ လုံး တပ်ဆင်ထားပြီး မိုက်ကရိုဖုန်း ၂ လုံး ပါပါတယ်။ Helio G99 SoC မောင်းနှင်ထားပြီး 8GB RAM နဲ့ 128GB Storage ထည့်ထားပါတယ်။ 18W Charging ထောက်ပံ့တဲ့ 8,000mAh Battery ပါပါတယ်။

Ref : gizmochina