Xiaomi ဟာ Redmi Pad 2 Pro  နဲ့ Xiaomi Pad mini တက်ဘလက် အသစ်တွေကို တရားဝင် ကြေညာလိုက်ပါတယ်။

Redmi Pad 2 Pro and Xiaomi Pad Mini Launched With High-Refresh Displays,  Powerful Chipsets and Big Batteries ~ My Mobile India

Redmi Pad 2 Pro Series ရဲ့ အဓိကအချက်တွေ

Redmi Pad 2 Pro and Xiaomi Pad mini debut

🔶မော်ဒယ်များ: Wi-Fi, 5G နဲ့ Matte Glass Version ဆိုပြီး မော်ဒယ် ၃ မျိုး ပါဝင်ပါတယ်။

🔶မျက်နှာပြင်: မော်ဒယ်အားလုံးမှာ 12.1-inch အရွယ်အစား၊ 120Hz refresh rate နဲ့ 2.5K resolution ရှိတဲ့ LCD display ကို သုံးထားပါတယ်။

🔶Chipset: Snapdragon 7s Gen 4 chipset ကို တပ်ဆင်ပေးထားပါတယ်။

🔶ဘက်ထရီ: 12,000 mAh ဘက်ထရီကြီးနဲ့ 33W အားအမြန်သွင်းစနစ် ပါဝင်ပါတယ်။

🔶Memory: RAM 8GB နဲ့ Storage 256GB အထိ ရွေးချယ်နိုင်ပြီး 2TB အထိ microSD card ထပ်စိုက်နိုင်ပါတယ်။

🔶အထူးအချက်: Matte Glass Version မှာတော့ အလင်းပြန်မှု ၉၇% အထိ လျှော့ချပေးနိုင်တဲ့ AG nano-texture screen ပါဝင်ပါတယ်။

🔶ဈေးနှုန်း: Redmi Pad 2 Pro (Wi-Fi) မော်ဒယ်က ယူရို €299.9  ကနေ စတင်ပါတယ်။

 

Xiaomi Pad mini ရဲ့ အဓိကအချက်တွေ

Xiaomi Pad mini

🔶အမျိုးအစား: အရွယ်အစား ပိုသေးပြီး စွမ်းဆောင်ရည်မြင့်တဲ့ compact tablet ဖြစ်ပါတယ်။

🔶မျက်နှာပြင်: 8.8-inch အရွယ်အစား၊ 3K resolution နဲ့ 165Hz refresh rate အထိ ထောက်ပံ့ပေးထားတဲ့ display ပါဝင်ပါတယ်။

🔶Chipset: စွမ်းရည်မြင့်တဲ့ MediaTek Dimensity 9400+ chipset ကို အသုံးပြုထားပါတယ်။

🔶ဘက်ထရီ: 7,500 mAh ဘက်ထရီနဲ့ 67W အားအမြန်သွင်းစနစ် ပါဝင်တဲ့အပြင် 18W reverse charging လည်း ပါဝင်ပါတယ်။

🔶Memory: RAM 12GB နဲ့ Storage 512GB အထိ ရွေးချယ်နိုင်ပါတယ်။

🔶အထူးအချက်: USB-C ပေါက် နှစ်ခုနဲ့ Wi-Fi 7 နည်းပညာတွေ ပါဝင်ပါတယ်။

🔶ဈေးနှုန်း: Xiaomi Pad mini ကတော့ အမေရိကန်ဒေါ်လာ $429  ကနေ စတင်မှာ ဖြစ်ပါတယ်။

Ref : gsmarena