Xiaomi ဟာ ပြီးခဲ့တဲ့လက ကြီးမားတဲ့ Display နဲ့ Snapdragon 7s Gen 2 ပါတဲ့ Redmi Pad Pro ကို တရုတ်မှာ ကြေညာခဲ့ပြီး နိုင်ငံတကာမှာ Poco Pad အမည်နဲ့ရောင်းမယ်လို့ထင်ခဲ့ကြပါတယ်။ အခုတော့ Xiaomi က Redmi Pad Pro အမည်နဲ့ပဲ ဥရောပမှာ ရောင်းချလိုက်ပါတယ်။
Redmi Pad Pro မှာ 12.1” LCD 2560x1600p Display တပ်ဆင်ထားပြီး 120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ 600 Nits Peak Brightness ထုတ်လုပ်ပေးနိုင်ပြီး 4096 Brightness Level , DC Dimming နဲ့ Dolby Vision Support ပါပါတယ်။ Display ကို Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။
Snapdragon 7s Gen 2 Processor မောင်းနှင်ထားပြီး LPDDR4x RAM နဲ့ UFS 2.2 Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။
10,000mAh Battery ထည့်သွင်းထားပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံးနဲ့ မိုက်ကရိုဖုန်း ၂ လုံးပါလာပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပါတယ်။
ဈေးနှုန်း
Eurozone
- 6 GB RAM/128 GB storage – €299.90
- 8 GB RAM/256 GB storage – €349.90
UK
- 6 GB RAM/128 GB storage – £269.00
- 8 GB RAM/256 GB storage – £349.90
Ref : gizmochina