Xiaomi ဟာ ပြီးခဲ့တဲ့လက ကြီးမားတဲ့ Display နဲ့ Snapdragon 7s Gen 2 ပါတဲ့ Redmi Pad Pro ကို တရုတ်မှာ ကြေညာခဲ့ပြီး နိုင်ငံတကာမှာ Poco Pad အမည်နဲ့ရောင်းမယ်လို့ထင်ခဲ့ကြပါတယ်။ အခု‌တော့ Xiaomi က Redmi Pad Pro အမည်နဲ့ပဲ ဥရောပမှာ ရောင်းချလိုက်ပါတယ်။

Redmi Pad Pro

Redmi Pad Pro မှာ 12.1” LCD 2560x1600p Display တပ်ဆင်ထားပြီး 120Hz Adaptive Refresh Rate ထောက်ပံ့ထားပါတယ်။ 600 Nits Peak Brightness ထုတ်လုပ်ပေးနိုင်ပြီး 4096  Brightness Level , DC Dimming နဲ့ Dolby Vision Support ပါပါတယ်။ Display ကို Corning Gorilla Glass 3 နဲ့ ကာကွယ်ထားပါတယ်။

Redmi Pad Pro

Snapdragon 7s Gen 2 Processor မောင်းနှင်ထားပြီး LPDDR4x RAM နဲ့ UFS 2.2 Storage ထည့်သွင်းထားကာ microSD Card စိုက်နိုင်ပါတယ်။

10,000mAh Battery ထည့်သွင်းထားပြီး 33W Fast Charging ထောက်ပံ့ထားပါတယ်။ Dolby Atmos ပါတဲ့ စပီကာ ၄ လုံးနဲ့ မိုက်ကရိုဖုန်း ၂ လုံးပါလာပြီး Android 14 အခြေပြု HyperOS မောင်းနှင်ထားပါတယ်။ အရှေ့နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးစီ တပ်ဆင်ထားပါတယ်။

ဈေးနှုန်း

Eurozone

  • 6 GB RAM/128 GB storage – €299.90
  • 8 GB RAM/256 GB storage – €349.90

UK

  • 6 GB RAM/128 GB storage – £269.00
  • 8 GB RAM/256 GB storage – £349.90

Ref : gizmochina