Redmi Pad ကို အောက်တိုဘာလ အစောပိုင်းက အိန္ဒိယမှာ ကြေညာခဲ့ပြီး နောက်တစ်ရက်မှာ နိုင်ငံတကာအတွက် မိတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၁ ပတ်ကမှ တရုတ်မှာ ရောင်းချပေးခဲ့တာ ဖြစ်ပြီး ကုမ္ပဏီက ရောင်းအား အလွန်ကောင်းနေတယ်လို့ ပြောပါတယ်။

Redmi က တရုတ်မှာ ပထမရက်အတွင်း Redmi Pad အလုံးရေ ၇၅,၀၀၀ ကျော် ရောင်းချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ တိတိကျကျပြောရရင် ၂၈ ရက်အတွင်း အဲဒီ အရေအတွက်ကို ရောင်းချနိုင်ခဲ့တာပါ။ ၂၀၂၂ ခုနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကမ္ဘာ့ တက်ဘလက် ရောင်းအားဟာ အရင်နှစ်ကထက် ၈.၈ ရာခိုင်နှုန်း နည်းပါးခဲ့တဲ့အတွက် အခု Redmi Pad ရဲ့ ရောင်းအားဟာ အထင်ကြီးစရာပါ။

Xiaomi Redmi Pad: Specifications leak for upcoming 10-inch, 90 Hz and 8,000 mAh battery wielding Android tablet - NotebookCheck.net News

Redmi Pad ဟာ ဈေးကွက်ထဲမှာ ဈေးနှုန်း အချိုသာဆုံး တက်ဘလက်တွေထဲက ၁ လုံး ဖြစ်ရုံသာမက ပေးရတဲ့ ဈေးထက် ပိုများတဲ့ လုပ်ဆောင်ချက်များစွာ ထည့်သွင်းထားပါတယ်။ ဒါကြောင့်လည်း တရုတ်မှာ ရောင်းအားကောင်းနေတာ ဖြစ်ပါတယ်။ Redmi Pad ရဲ့ 4/128GB ကို ၁၇၈ ဒေါ်လာနဲ့ 6/128GB ကို ၂၀၆ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi Pad မှာ သတ္တုကိုယ်ထည်ကို သုံးထားပြီး ၁၀.၆ လက်မ WUXGA+ (2000x1200p) 90Hz LCD မျက်နှာပြင်၊ MediaTek Helio G99 SoC ၊ LPDDR4x RAM ၊ UFS 2.2 Storage ၊ MIUI 13 Pad အခြေပြု Android 12 ၊ 8MP Rear ကင်မရာနဲ့ 8MP Front ကင်မရာတွေ ထည့်သွင်းထားပါတယ်။

Ref : gizmochina