Redmi က ဒီလ ၂၉ ရက်နေ့ အိန္ဒိယမှာ Redmi Pad SE 4G ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုတော့ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီ တက်ဘလက်ရဲ့ Specs တွေ ပေါက်ကြားလာပါတယ်။

Redmi Pad SE 4G

Redmi Pad SE 4G မှာ 8.7” LCD 1340x800p Display , 90Hz Refresh Rate နဲ့ 600 Nits Peak Brightness ထည့်သွင်းထားမှာပါ။ Blue Light ကို ကာကွယ်နိုင်တဲ့ TUV Rheinland စံနှုန်း ပါလာမှာ ဖြစ်ပြီး Android 13 အခြေပြု MIUI Pad 14 OS မောင်းနှင်ထားမှာပါ။

Redmi Pad SE 4G

MediaTek Helio G85 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာပါ။ Dual SIM ထောက်ပံ့ထားမှာ ဖြစ်ပြီး Bluetooth 5.3 , GPS နဲ့ နားကြပ်ပေါက် ထည့်သွင်းထားမှာပါ။

4GB RAM နဲ့ 128GB Storage ပါလာမှာ ဖြစ်ပြီး microSD Card စိုက်နိုင်ပါတယ်။ တခြား Memory Configuration တွေ ထွက်လာမလားဆိုတာ လက်ရှိမှာ မသိရသေးပါဘူး။ တက်ဘလက်ရဲ့ အရွယ်အစား အပြည့်အစုံက 211.58 x 125.48 x 8.8mm ဖြစ်ပြီး အလေးချိန်က ၃၇၅ ဂရမ် ဖြစ်ပါတယ်။ အိန္ဒိယမှာ ရောင်းချမယ့် ဈေးနှုန်းကို မသိရသေးပါဘူး။ ဥရောပမှာတော့ WiFi Only 4/128GB ကို ၁၆၉ ယူရိုနဲ့ ရောင်းချနိုင်ပါတယ်။ အနက်၊ အစိမ်းနဲ့ အပြာရောင်တွေ ထုတ်လုပ်ထားမှာပါ။

Ref : gizmochina