Xiaomi က ဒီလ ၂၉ ရက်‌နေ့ အိန္ဒိယမှာ Redmi Pad SE 4G ကို ကြေညာဖို့ ပြင်ဆင်နေပြီး Pad SE 8.7 ကိုပါ မိတ်ဆက်မယ်လို့ ထင်ပါတယ်။ အခုတော့ Redmi Pad SE 8.7 ရဲ့ ဓါတ်ပုံနဲ့ အဓိက Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Redmi Pad SE 8.7 renders

အဲဒီ တက်ဘလက်မှာ 8.7” LCD HD (800x1340p) Display တပ်ဆင်ထားနိုင်ပြီး အရှေ့ဘက်မှာ 5MP နဲ့ အနောက်ဘက်မှာ 8MP ကင်မရာ ပါလာနိုင်ပါတယ်။ MediaTek Helio G99 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM နဲ့ 64/128GB Internal Storage ထည့်သွင်းထားနိုင်ပါတယ်။ Storage ကို မြှင့်တင်ဖို့ microSD Card စိုက်နိုင်ပါတယ်။

Redmi Pad SE 8.7 renders

Android 14 အခြေပြု Xiaomi Hyper OS မောင်းနှင်ထားမှာ ဖြစ်ပြီး 6,650mAh Battery ထည့်သွင်းထားနိုင်ပါတယ်။ USB-C Port ၊ နားကြပ်ပေါက်နဲ့ Bluetooth 5.3 ဆက်သွယ်မှုတွေ ပါလာနိုင်ပါတယ်။

Redmi Pad SE 8.7 ဟာ တန်ဖိုးနည်း Android တက်ဘလက် ဈေးကွက်မှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ တက်ဘလက်ရဲ့ ‌ဈေးနှုန်းကိုတော့ မသိရသေးပါဘူး။

Ref : gsmarena