Xiaomi ကနေ ထုတ်လုပ်နေတဲ့ Mi TV တွေဟာ တရုတ်နိုင်ငံတင်မဟုတ်ဘဲ မြန်မာနိုင်ငံ TV စျေးကွက်မှာလည်း နေရာတစ်ခုရရှိနေပြီဖြစ်ပါတယ်။ Xiaomi ဟာ Mi TV တွေအောင်မြင်နေသလိုပဲ စျေးပိုသက်သာတဲ့ Redmi TV တွေကိုလည်း ဆက်တိုက်မိတ်ဆက်နေပြီး အခုလည်း စျေးအသက်သာဆုံး Redmi TV ကို မိတ်ဆက်တော့မယ်လို့ သိရပါတယ်။

အဆိုပါ Redmi TV ကိုတော့ Redmi Smart TV A32 လို့ နာမည်ပေးထားပြီးတော့ အစောပိုင်းမှာထွက်ရှိခဲ့တဲ့ Smart TV A55 နဲ့ Smart TV A50 တွေအပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံအတွက် စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး စျေးနှုန်းအနေနဲ့ ၇၉၉ ယွမ် (မြန်မာငွေ ၁ သိန်းခွဲဝန်းကျင်) ပဲကျသင့်မယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Redmi Smart TV A32 ဟာ လက်ရှိအချိန်မှာ စျေးအသက်သာဆုံး Smart TV ဖြစ်လာတော့မှာပါ။ Display Size အနေနဲ့ 32″ ရှိမှာဖြစ်ပြီး Image Quality ပိုင်းအတွက် Details တွေကို ပိုဖော်ပြနိုင်တဲ့ New Generation Image Quality Engine ပါဝင်လာမယ်လို့ သိရပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ 64-bit Dual-core A53 Processor ကိုမှ RAM 1GB နဲ့ Storage 8GB ပါဝင်မှာဖြစ်ပါတယ်။ GPU ပိုင်းအတွက်လည်း Mali-450 GPU ကိုတပ်ဆင်ပေးထားမှာပါ။ User Interface အနေနဲ့လည်း Xiaomi ရဲ့ မကြာသေးခင်ကမှ Update ပြုလုပ်ခဲ့တဲ့ MIUI for TV 3.0 ပါဝင်လာမှာဖြစ်ပါတယ်။

Redmi Smart TV A32 ဟာ တခြားသော Xiaomi Smart TV တွေလိုမျိုးပဲ Voice Control ၊ XiaoAI 3.0 ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။

Ref – Gizmo China