Redmi က Turbo Series အသစ်ရဲ့ ပထမဆုံး ဖုန်းကို ကြေညာလိုက်ပါတယ်။ Redmi Trubo 3 ဟာ စွမ်းဆောင်ရည်ကို အသားပေးထားတဲ့ ဖုန်း ဖြစ်ပြီး Redmi K နဲ့ Note Series အကြားမှာ ရှိပါတယ်။

အဲဒီဖုန်းဟာ Qualcomm ရဲ့ Flagship Killer တွေကို လိုက်ဖိုက်ဖို့မကြာခင်က ကြေညာထားတဲ့ Snapdragon 8s Gen 3 ပါတဲ့ ပထမဆုံး ဖုန်းတွေထဲက ၁ လုံး ဖြစ်ပါတယ်။

Redmi Turbo 3

Redmi Turbo 3 မှာ 6.67” AMOLED 2712x1220p Display ပါလာပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ 12-bit Colors , HDR10+ နဲ့ 2,400 Nits Peak Brightness ထောက်ပံ့ထားပြီး Display အောက်မှာ လက်ဗွေရာ ကိရိယာ မြှုပ်နှံထားပါတယ်။ Punch Hole မှာ 20MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။

Redmi Turbo 3 announced with SD 8s Gen 3 and 90W charging

အနောက်ဘက်မှာ 50MP Main (OIS), 8MP Ultrawide ကင်မရာ ထည့်သွင်းထားပါတယ်။ Redmi Turbo 3 မှာ 12GB/16GB LPDDR5X RAM နဲ့ 256GB/512GB/1TB UFS 4.0 Storage ပါလာပါတယ်။ Android 14 အခြေပြု HyperOS မောင်းနှင်ထားပြီး 90W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါပါတယ်။

Redmi Turbo 3 announced with SD 8s Gen 3 and 90W charging

Black, Green နဲ့ Titanium အရောင်တွေ ထုတ်လုပ်ထားပြီး Redmi က Harry Potter Edition ကိုလည်း ရောင်းချမှာပါ။

တရုတ်မှာ 12/256GB Version ကို ၁,၉၉၉ ယွမ် (၂၇၆ ဒေါ်လာ) နဲ့ 16GB RAM/1TB Storage Version ကို ၂,၇၉၉ ယွမ် (၃၈၆ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ဒီလ ၁၅ ရက်နေ့ စတင် ရောင်းချမှာ ဖြစ်ပြီး တရုတ် ပြင်ပမှာ Poco F6 နာမည်နဲ့ရောင်းမှာပါ။

Ref : gsmarena