Redmi က ပြီးခဲ့တဲ့ တစ်ပတ်မှာ Series အသစ်ကို ထုတ်လုပ်မယ်လို့ ကြေညာခဲ့ပြီး စွမ်းဆောင်ရည်ကို အသားပေးထားမှာပါ။ အဲဒီ Series ရဲ့ ပထမဆုံး ဖုန်းက Redmi Turbo 3 ဖြစ်ပြီး အခုတော့ မနက်ဖြန်မှာ တရားဝင် ကြေညာတော့မယ်လို့  အတည်ပြုလိုက်ပါတယ်။

ကုမ္ပဏီက အဲဒီပွဲမှာ Redmi Pad Pro ကိုလည်း ကြေညာမယ်လို့ ပြောပြီး Specs တချို့ကိုလည်း မျှဝေလိုက်ပါတယ်။

Redmi Turbo 3 မှာ Snapdragon 8s Gen 3 ပါလာမှာ ဖြစ်ပြီး 16GB RAM နဲ့ 1TB Storage အထိ ထည့်သွင်းထားမှာပါ။ အဆင့်မြင့် Cooling စနစ်ပါလာမှာပါ။

ဖုန်းဟာ အလွန် ပါးလွှာ ပေါ့ပါးမှာ ဖြစ်ပြီး အထူက ၈ မီလီမီတာအောက်နဲ့ အလေးချိန်က ၁၇၉ ဂရမ် ရှိမှာပါ။ 1080p ထက်မြင့်တဲ့ မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး ဘေးဘောင်တွေက ပါးလွှာမှာပါ။ အနောက်ဘက်မှာ တော်တော် ငေါထွက်နေတဲ့ ကင်မရာ ၂ လုံးနဲ့ Punch Hole မှာ ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာပါ။

Redmi Pad Pro မှာ Stylus နဲ့ ကီးဘုတ် ကာဗာ ပါလာမှာဖြစ်ပြီး 12.1” 2.5K မျက်နှာပြင်နဲ့ 10,000mAh Battery ထည့်သွင်းထားမှာပါ။

Redmi Turbo 3 ကို တရုတ် ပြင်ပမှာ Poco F6 အမည်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena