Teaser တွေ အမျိုးမျိုးထွက်ပြီးတဲ့နောက်မှာတော့ လူပြောများနေတဲ့ Redmi Turbo 5 Max ကို တရုတ် မှာ တရားဝင် မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းရဲ့ အမိုက်ဆုံးအချက်ကတော့ ဧရာမ 9,000mAh Battery ပါဝင်တာဖြစ်ပြီး ကမ္ဘာ့ပထမဆုံးအနေနဲ့ MediaTek Dimensity 9500s Chipset ကို သုံးစွဲထားတာပဲ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်ပိုင်းမှာ 16GB LPDDR5X Ultra RAM နဲ့ 512GB Storage အထိ ရွေးချယ်နိုင်ပြီး ဖုန်းမပူအောင် vapor chamber အကြီးကြီး ထည့်ပေးထားပါတယ်။ 9,000mAh Battery ကြီးကို အားသွင်းဖို့ 100W အမြန်အားသွင်းစနစ် ပါဝင်သလို တခြားပစ္စည်းတွေကို ပြန်အားသွင်းပေးနိုင်တဲ့ 27W Reverse charging လည်း ပါဝင်တာက တော်တော်လေး အဆင်ပြေစေမယ့် အချက်ပါ။

မျက်နှာပြင်ကတော့ 6.83 လက်မ AMOLED ဖြစ်ပြီး နေရောင်အောက်မှာ ကောင်းကောင်းမြင်ရမယ့် 3,500 nits အလင်းအားနဲ့ 120Hz Refresh rate တို့ ပါဝင်ပါတယ်။ ကင်မရာပိုင်းမှာ OIS ပါတဲ့ 50MP Main Sensor နဲ့ 8MP Ultrawide တို့ တွဲဖက်ပေးထားပြီး ရှေ့ဘက်မှာတော့ 3D ultrasonic လက်ဗွေစနစ်နဲ့ 20MP Selfie ကင်မရာ ပါဝင်ပါတယ်။

ရေစိုဒဏ်ခံနိုင်မှု IP69K အဆင့်ရှိလို့ အကြမ်းခံမယ့်ဖုန်းတစ်လုံးဖြစ်ပြီး Android 16 အခြေခံ HyperOS 3 နဲ့ ထွက်လာတာပါ။ အရောင် ၄ မျိုး ရွေးချယ်နိုင်ပြီး ဈေးနှုန်းကတော့ 12GB/256GB မော်ဒယ်ကို ယွမ် ၂,၄၉၉ (ဒေါ်လာ ၃၆၀ ဝန်းကျင်) ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : gsmarena