Xiaomi ဟာ အိန္ဒိယမှာ Redmi Note 11 Pro Series တွေနဲ့အတူ Redmi Watch 2 Lite အမည်ရ စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ အလေးချိန် ၃၅ ဂရမ်ပဲ ရှိပြီး အပေါ့ပါးဆုံး စမတ်နာရီတွေထဲက ၁ လုံး ဖြစ်လာပါတယ်။

Redmi Watch 2 Lite - Xiaomi Global Official

၁.၅၅ လက်မ HD Edge မျက်နှာပြင်ကို 2.5D Curved Glass နဲ့ ဖုံးအုပ်ထားပြီး အမြင့်ဆုံး Brightness အနေနဲ့ 450 nits ထောက်ပံ့ထားပါတယ်။ အဓိက လုပ်ဆောင်ချက် ၁ ခုက ပြေးတဲ့ အချိန်၊ လမ်းလျှောက်တဲ့ အချိန်မှာ တည်နေရာကို ပိုမိုတိကျစွာ တိုင်းတာပေးနိုင်တဲ့ Multi System Standalone GPS ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Redmi

ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး ဖုန်းက သီချင်းနဲ့ ကင်မရာကို ထိန်းချုပ်နိုင်ပါတယ်။ ရာသီဥတု သတိပေးချက်တွေကို ရရှိမှာ ဖြစ်ပြီး တခြား ခေတ်ပေါ် စမတ်နာရီတွေမှာလို သွေးတွင်းအောက်ဆီဂျင် ပမာဏ ၊ အိပ်စက်မှု အခြေအနေ၊ အမျိုးသမီး ကျန်းမာရေး၊ စိတ်ဖိစီးမှုနဲ့ ၂၄ နာရီ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း ထည့်သွင်းထားပြီး Workout Mode ၁၀၀ ကျော်ကို ထောက်ပံ့ကာ တချို့ Mode တွေကို စမတ်နာရီက အလိုလို သိနိုင်ပါတယ်။ ထူးခြားတာက အားအပြည့်သွင်းထားရင် ဘက်ထရီ သက်တမ်းက ၁၀ နာရီ အထိ အသုံးခံတာပါ။

Redmi Watch 2 Lite အတွက် Ivory, Black နဲ့ Blue အရောင်တွေ ထုတ်လုပ်ထားပြီး Mi Fitness App , Xiaomi Wear Partner App တွေနဲ့ ချိတ်ဆက် သုံးနိုင်ပါတယ်။ Watch Face ပေါင်း ၁၂၀ ကျော် ပါလာပြီး မတ်လ ၁၅ ရက်နေ့မှာ ၄,၉၉၉ ရူပီး (၁၁၅,၀၀၀ ကျပ် ဝန်းကျင်)နဲ့ ရောင်းမှာပါ။

Ref : gizmochina