တရုတ်မှာ Redmi Watch 3 နဲ့ Redmi Band 2 တို့ကို ကြေညာလိုက်ပြီး အဲဒီ Wearable ၂ လုံးရဲ့ Specs တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

Redmi Watch 3 အကြောင်းစပြောရရင် ၁.၇၅ လက်မ AMOLED HD မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ပါတယ်။ အရင်မျိုးဆက်ထက် မျက်နှာပြင်က ၁၄.၈ ရာခိုင်နှုန်း ပိုကြီးမားပြီး 600nits Peak Brightness ပါပါတယ်။ ညာဘက်ခြမ်းမှာ ခလုတ် ၁ ခု တပ်ဆင်ထားပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။

Redmi launches Watch 3, Band 2, and Buds 4 Lite in jubilant colors

Redmi Watch 3 မှာ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏ၊ အိပ်စက်မှု၊ စိတ်ဖိစီးမှုကို တွက်ချက်ပေးနိုင်ပြီး အသက်ရှူ လေ့ကျင့်ခန်းကို သင်ပြပေးပါတယ်။ အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းကို တွက်ချက်ပေးနိုင်ပြီး လေ့ကျင့်ခန်း ၁၂၀ ကျော်ကို ထောက်ပံ့ပါတယ်။ GPS ပါတဲ့အတွက် နေအိမ်ပြင်ပ Activity တွေကို တွက်ချက်ပေးနိုင်ပါတယ်။

Bluetooth Voice Calling, Emergency SOS Mode နဲ့ တခြား လုပ်ဆောင်ချက်တွေ ထည့်သွင်းထားပြီး ၁၂ ရက် အသုံးခံတဲ့ 289mAh ဘက်ထရီ ပါပါတယ်။

Redmi Band 2 အကြောင်းပြောရရင် ၁.၄၇ လက်မ အရွယ်ကြီး မျက်နှာပြင် တပ်ဆင်ထားပြီး အရင်မျိုးဆက်ထက် ၇၆ ရာခိုင်နှုန်းတောင် ပိုကြီးလာပါတယ်။ အထူက ၉.၉၉ မီလီမီတာပဲရှိပြီး ခလုတ် မပါပါဘူး။ ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပြီး Redmi Watch 3 မှာလို ကျန်းမာရေးကို တွက်ချက်ပေးတဲ့လုပ်ဆောင်ချက်တွေ ပါပါတယ်။ ၁၄ ရက် အသုံးခံတဲ့ 210mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။

Redmi launches Watch 3, Band 2, and Buds 4 Lite in jubilant colors

Redmi Watch 3 အတွက် Elegant Black နဲ့ Ivory White အရောင် ထုတ်လုပ်ထားပြီး ၇၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ Redmi Band 2 အတွက် Midnight Black နဲ့ Dream White အရောင် ထုတ်လုပ်ထားပြီး ၂၂ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ အဲဒီ Device ၂ ခုစလုံးကို ရောင်းပေးလိုက်ပါပြီ။

Ref : gizmochina