Xiaomi ဟာ မကြာခင်က Redmi Gaming TV X Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ Redmi XT လို့ အမည်ပေးထားတဲ့ ဒုတိယမြောက် Gaming TV ကို မိတ်ဆက်လိုက်ပြီး တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၈၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Redmi XT Gaming TV

Redmi XT Gaming TV မှာ 120Hz Refresh Rate နဲ့ 120Hz MEMC Motion Compensation ပါလာပါတယ်။ ရုပ်ရှင်ထဲက လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို တည်ငြိမ်ချောမွတ်အောင် ပြုလုပ်ပေးတဲ့ Chip Algorithm ထည့်သွင်းထားပါတယ်။

စမတ် Gaming TV က Gamma Curve နဲ့ Color Temperature ကို ချိန်ညှိပေးနိုင်ပြီး 94% DCI-P3 Wide Color Gamut နဲ့ 1 Billion Color Original Color Display ကို ထောက်ပံ့ပါတယ်။

Redmi XT Gaming TV

Quad-core A73 Processor , 3GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး RAM နဲ့ Storage များတဲ့အတွက် App များစွာကို တစ်ပြိုင်နက် အသုံးပြုနိုင်ပါတယ်။ စပီကာ ၄ လုံး တပ်ဆင်ထားပြီး XiaoAI ကို အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။ TV ကို ဖုန်း၊ လက်ပ်တော့တွေနဲ့ ချိတ်ဆက်နိုင်ပြီး HDMI 2.1 Data Cable ပါပါတယ်။

Redmi XT Gaming TV အတွက် ၅၅ ၊ ၆၅ နဲ့ ၇၅ လက်မ အရွယ်အစားတွေ ထုတ်လုပ်ထားပြီး ၂၈၉ ဒေါ်လာ၊ ၃၈၅ ဒေါ်လာနဲ့ ၆၈၈ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်မှာ Jingdong ကနေ ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gizmochina