စမတ်ဖုန်း နယ်ပယ်ဟာ ကြီးမားကျယ်ပြန့်ပါတယ်။ နာမည်ကြီး ကုမ္ပဏီတွေဟာ ဈေးကွက်ဝေစုကို အပြိုင်အဆိုင်လုနေကြသလို အသစ်ဝင်လာတဲ့ ကုမ္ပဏီငယ်လေးတွေကလည်း နေရာဝင်လုနေကြပါတယ်။ အခုတော့ ဈေးကွက် သုတေသနအဖွဲ့အစည်း John’s Phones က ၂၀၂၃ ခုနှစ်ရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်း Brand တွေကို စစ်တမ်းပြုစုပေးလိုက်ပါတယ်။

Apple နဲ့ Samsung ဟာ ကမ္ဘာ့ စမတ်ဖုန်း ဈေးကွက်ကို ဦးဆောင်နေပါတယ်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်မှာ ကုမ္ပဏီ ၂ ခုပေါင်းရဲ့ ဈေးကွက်ဝေစုဟာ ၅၄ ရာခိုင်နှုန်း ရှိပါတယ်။ Apple ကတော့ ဈေးကွက်ဝေစု ၂၉.၆၄ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ဦးဆောင်နေပြီး Samsung က ၂၄.၆၈ ရာခိုင်နှုန်း ရထားပါတယ်။

best selling smartphones

ရောင်းအား အကောင်းဆုံး စမတ်ဖုန်း မော်ဒယ်စာရင်းမှာ Apple ရဲ့ iPhone 14 Pro Max, Pro နဲ့ 14 ဟာ ထိပ်ဆုံး ၃ နေရာကို ရထားပါတယ်။ ထူးခြားတာက Samsung ရဲ့ ရောင်းအား အကောင်းဆုံး စမတ်ဖုန်းဟာ စွမ်းရည်မြင့်ဖုန်း မဟုတ်ဘဲ စွမ်းရည်နိမ့် Galaxy A14 4G ဖြစ်နေပါတယ်။

အဲဒီနောက်မှာ စွမ်းရည်မြင့် Galaxy S23 Ultra ရှိနေပါတယ်။ နောက်ထပ် ထူးခြားတာက အဲဒီနောက်မှာ စွမ်းရည်နိမ့် Galaxy A14 5G ရှိနေပါတယ်။ အဲဒီအတွက် Samsung ရဲ့ စွမ်းရည်နိမ့်နဲ့ စွမ်းရည်သင့် ဖုန်းတွေဟာ စွမ်းရည်မြင့် ဖုန်းတွေထက် ပိုရောင်းကောင်းနေပါတယ်။

Most Popular Phone Brands of 2023

စမတ်ဖုန်း နယ်ပယ်ကို ကုမ္ပဏီ အသစ်တွေ ဝင်ရောက်လာကြသလို ပါဝင်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီတွေ များသထက်များလာပါတယ်။ ဒါပေမယ့် Apple နဲ့ Samsung တို့ကတော့ စမတ်ဖုန်း လောကမှာ ထိပ်ဆုံးက ပြေးနေတုန်းပါပဲ။

Ref : gizchina