Samsung ဟာ ၂၀၂၄ ခုနှစ်မှာ Foldable ဖုန်း အလုံးရေ သန်း ၂၀ ရောင်းချနိုင်ဖို့ ရည်မှန်းထားပါတယ်။ ကိုရီးယား မီဒီယာ The Elec က Samsung  ဟာ ၂၀၂၄ ခုနှစ်မှာ ကြီးကြီးမားမား ရည်မှန်းထားပြီး လက်ရှိ Galaxy Z Fold5, Z Flip5 နဲ့ နောက်နှစ်ထွက်မယ့် Galaxy Z Fold6, Z Flip6 တို့ကနေ အလုံးရေ သန်း ၂၀ ရောင်းချနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့ ပြောပါတယ်။

Samsung Aims to Ship 20 Million Foldables in 2024 - Gizchina.com

Samsung ဟာ ဒီနှစ်မှာ Foldable အလုံးရေ ၁၀ သန်း ရောင်းချနိုင်ဖို့ မျှော်လင့်ထားပြီး Galaxy Z Fold4 နဲ့ Z Flip4 အလုံးရေ ၃ သန်းနဲ့ လက်ရှိ မော်ဒယ် ၂ လုံးရဲ့ အလုံးရေ ၇ သန်းတို့ ဖြစ်ပါတယ်။ အရင်ကတော့ Samsung ဟာ ၂၀၂၃ ခုနှစ်မှာ အလုံးရေ ၁၆ သန်း ရောင်းချနိုင်ဖို့ ပစ်မှတ်ထားခဲ့တာပါ။

Samsung Aims to Sell 20 Million Foldable Smartphones2024: Report | Daily Kiran

Samsung ဟာ ဧပြီလမှာ ကြေညာခဲ့တဲ့ Huawei Mate X3 ၊ စက်တင်ဘာလမှာ ချပြခဲ့တဲ့ Huawei Mate X5 တို့ကို ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု ခံထားရပေမယ့် Foldable လောကမှာ အောင်မြင်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ Huawei ရဲ့ Foldable ဖုန်းတွေဟာ ပါးလွှာ ပေါ့ပါးပြီး ဒီဇိုင်း လှပပါတယ်။

Samsung ကတော့ နည်းပညာတွေ ပိုမို ရနေပေမယ့် Foldable ဖုန်း ဒီဇိုင်းဟာ သိပ်မထူးခြားလာသလို ခေါက်ချိုးရာတွေက သိသာနေပါတယ်။ ရှည်လျားတဲ့ Aspect ပါတဲ့ ကာဗာ မျက်နှာပြင်က ကြည့်လို့ မကောင်းပါဘူး။

Samsung ဟာ ၂၀၂၄ ခုနှစ် ထုတ်မယ့် Galaxy Z Fold6 ရဲ့ ဒီဇိုင်းကို ကြီးကြီးမားမား ပြောင်းလဲထားမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gsmarena