Samsung ဟာ သူ့ရဲ့ ပထမဆုံး ၃ ခေါက်ချိုးစမတ်ဖုန်းကို အချိန်တစ်ခုကြာ ဖန်တီးနေခဲ့တာဖြစ်ပြီး အခုအခါမှာ အများအပြား ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။ ET News ရဲ့ သတင်းဖော်ပြချက်အသစ်အရ Samsung ဟာ အဲဒီဖုန်းကို အရင်မျှော်မှန်းထားတာထက်စောပြီး ဒီလနှောင်းပိုင်းမှာ ကျင်းပမယ့် အထူး Unpacked ပွဲတစ်ခုမှာ ကြေညာလာနိုင်ပါတယ်။ အဲဒီနောက်မှာတော့ နိုဝင်ဘာလမှာ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကုန်ကြမ်းသယ်ယူပို့ဆောင်ရေးကွင်းဆက် (supply chain) ကနေ ရရှိတဲ့ သတင်းအချက်အလက်အသစ်တွေအရ Samsung ဟာ အဲဒီဖုန်းကို အလုံးရေ ၅၀,၀၀၀ အထိပဲ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ အဲဒီအရေအတွက်ဟာ အရင်က ယူနစ် ၂၀၀,၀၀၀ အထိ ထုတ်လုပ်မယ်လို့ ခန့်မှန်းထားခဲ့တာထက် သိသိသာသာ နည်းပါးနေတာ ဖြစ်ပါတယ်။
Galaxy G Fold ဒါမှမဟုတ် Galaxy Z TriFold စတဲ့ နာမည်တွေ ပေးထားနိုင်ပြီး ဒီလိုဒီဇိုင်းပုံစံအပေါ် သုံးစွဲသူတွေရဲ့ ဝယ်လိုအားကို စမ်းသပ်တဲ့အနေနဲ့ ထုတ်လုပ်တာ ဖြစ်နိုင်ပါတယ်။ Samsung ရဲ့ ၃ ခေါက်ချိုးဖုန်းကို တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံ နှစ်ခုမှာပဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Samsung က ဒီလို အရေအတွက်ကန့်သတ်ပြီး ထုတ်လုပ်ရောင်းချတာဟာ Galaxy Z Fold7 အပေါ် လူတွေရဲ့ စိတ်ဝင်စားမှု လမ်းလွှဲမသွားစေဖို့နဲ့ ဝယ်လိုအားကို မထိခိုက်စေဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။
Ref : gsmarena