Sony ဟာ နောက်မျိုးဆက် ဂိမ်းစက် PS5 ရဲ့ အစိတ်အပိုင်းတွေ ဈေးတက်နေတဲ့အတွက် ခေါင်းကိုက်နေရပါတယ်။ Bloomberg ရဲ့ သတင်းအရ PS5 ရဲ့ ထုတ်လုပ်မှုကုန်ကျစားရိတ်ဟာ ၄၅၀ ဒေါ်လာ ရှိပြီး ရောင်းဈေးဟာ အရင်မျိုးဆက်ထက် ဒေါ်လာ ၁၀၀ ပိုများသွားမှာပါ။ စမတ်ဖုန်း ကုမ္ပဏီတွေ ဝယ်လိုအား များနေတဲ့ DRAM နဲ့ Flash Memory တွေ လုံလုံလောက်လောက်ရဖို့အတွက်လည်း Sony ဟာ ရုန်းကန်နေရပါတယ်။ ဂိမ်းစက်ရဲ့ အအေးပေး စနစ်ဟာလည်း ဈေးပိုကြီးလာတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် Sony က ဂိမ်းစက် အသစ်ကို အရင်မျိုးဆက်ရဲ့ ဈေးလောက်နဲ့ ရောင်းချင်ရင် အရှုံးခံပြီး ရောင်းရမှာပါ။

Sony ဟာ PS5 ရဲ့ ရောင်းဈေးကို သတ်မှတ်ဖို့အတွက် Microsoft က Xbox Series X ကြေညာတဲ့အချိန်ကို စောင့်နေတယ်လို့ သိရပါတယ်။  အရင်မျိုးဆက် ဂိမ်းစက်တွေ စရောင်းတဲ့အချိန်မှာ ဈေးက တော်တော် စကားပြောပြီး PS4 ဟာ Xbox One ထက် ရောင်းကောင်းခဲ့ပါတယ်။ ကုမ္ပဏီ ၂ ခုစလုံးက ဂိမ်းစက်အသစ်တွေကို ကြေညာဖို့ အချိန် ၁ နှစ်လောက်ပဲလိုတော့တဲ့အတွက် ပွဲက ပိုကြည့်ကောင်းလာပါပြီ။

သိပ်မကြာခင်ကပဲ PS5 ရဲ့ ပထမဆုံး ဓါတ်ပုံနဲ့ ဗီဒီယိုတွေထွက်ပေါ်လာပါတယ်။ ဗီဒီယိုမှာ ဂိမ်းစက်ရဲ့ ဒီဇိုင်းကို သေချာမြင်ရပါတယ်။ ဒါပေမယ့် ဒါဟာ နောက်ဆုံးထုတ် နမူနာမော်ဒယ်ဖြစ်နိုင်ပြီး ဈေးကွက်ထဲ ရောင်းချမယ့် မော်ဒယ်တော့ မဟုတ်လောက်သေးပါဘူး။ အရင်မျိုးဆက်တွေနဲ့ ဒီဇိုင်း ဆင်တူတဲ့အတွက် ဒါဟာ Sony ရဲ့ နောက်မျိုးဆက် ဂိမ်းစက် ဖြစ်ဖို့များပါတယ်။

Sony က PS4ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပြီး နိုဝင်ဘာလကျမှ ရောင်းပေးခဲ့ပါတယ်။ PS5 ကိုလည်း ဒီအချိန်အတိုင်း ရောင်းချပေးနိုင်ပါတယ်။ PS5 ဟာ ဒီနှစ် နှောင်းပိုင်းမှာ ရောင်းချမယ့် Micorosft ရဲ့   Xbox Series X  ကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Ref : tnw