လန်ဒန် အခြေစိုက် Builder.ai ဟာ Microsoft နဲ့ ကာတာ လုပ်ငန်းစုတွေက ဒေါ်လာ ၁.၅ ဘီလီယမ်အထိ ရင်းနှီးမြှပ်နှံထားတဲ့ အလားအလာကောင်းတဲ့ Startup တစ်ခု ဖြစ်ပါတယ်။ အဲဒီ ကုမ္ပဏီဟာ AI နဲ့ ကုဒ်တွေ ရေးပေးတဲ့လုပ်ငန်းလို့ ကြော်ငြာထားပေမယ့် အခုတော့ AI အစား အိန္ဒိယက အင်ဂျင်နီယာ ၇၀၀ ဝန်းကျင်က ကုဒ်တွေ ရေးပေးနေတယ်လို့ အလိမ်ပေါ်သွားပါတယ်။

AI washing, explained - The Hustle

ဒါကို AI လောကမှာ “AI Washing” လို့ ခေါ်ပါတယ်။

The $1.5B Unicorn That Faked Its Way to Bankruptcy

“AI Washing” ဆိုတာ ဘာလဲ?

ဒါဟာ ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန် ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို “AI နည်းပညာသုံး” ဆိုပြီး လိမ်လည်ပြီး ဈေးကွက်မှာကြော်ငြာတာကို ဆိုလိုတာပါ။ တကယ်တမ်းမှာတော့ အဲဒီလုပ်ငန်းတွေရဲ့ နောက်ကွယ်မှာ AI နည်းပညာကို အနည်းငယ်သာသုံးထားပြီး (သို့မဟုတ်) လုံးဝမသုံးဘဲ၊ လူသားဝန်ထမ်းတွေရဲ့ လုပ်အား (Human-powered) ဒါမှမဟုတ် သာမန်ကွန်ပျူတာစနစ်တွေကိုပဲ အသုံးပြုထားတာမျိုး ဖြစ်ပါတယ်။

ကုမ္ပဏီတွေက ဘာကြောင့် ဒီလိုလုပ်ကြတာလဲ?

“AI” ဆိုတဲ့ ခေါင်းစဉ်တပ်ထားတဲ့ ကုမ္ပဏီတွေဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အာရုံစိုက်မှုကိုပိုရပြီး ငွေကြေးထောက်ပံ့မှု ပိုမိုလွယ်ကူစွာ ရရှိတတ်ပါတယ်။

ကိုယ့်ရဲ့ထုတ်ကုန်ကို AI နည်းပညာသုံးလို့ ကြော်ငြာလိုက်တာနဲ့ ပိုပြီးခေတ်မီဆန်းသစ်တယ်လို့ ထင်မှတ်ခံရပြီး သုံးစွဲသူတွေကို ပိုမိုဆွဲဆောင်နိုင်ပါတယ်။

“AI” လို့တံဆိပ်ကပ်ထားတဲ့ ဝန်ဆောင်မှုတွေဟာ သာမန်ဝန်ဆောင်မှုတွေထက် ဈေးနှုန်းပိုတောင်းလို့ရတတ်ပါတယ်။

Ref : Technology Innovation