တရုတ်နိုင်ငံ National University of Defence Technology (NUDT) က သုတေသီတွေဟာ မီတာ ၄၀၀ (၁၃၁၀ ပေ) ရှည်တဲ့ စမ်းသပ်လမ်းကြောင်းပေါ်မှာ ၁.၁ တန်လေးတဲ့ superconducting maglev ရထားကို ၂ စက္ကန့်အတွင်း အမြင့်ဆုံးအမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၇၀၀ (၄၃၅ မိုင်) အထိ မောင်းနှင်ပြီး သံလိုက်ရထားနည်းပညာနယ်ပယ်မှာ ကမ္ဘာ့စံချိန်သစ် တင်နိုင်ခဲ့ပါတယ်။

China Tests World's Fastest Maglev Train, Capable of Reaching Speeds of Up  to 700 kmph in 2 Seconds | Republic World

အဲဒီယာဉ်ကို လမ်းကြောင်းအဆုံးမှာ ထိန်းချုပ်မှုရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ရပ်တန့်နိုင်ခဲ့ပါတယ်။

နိုင်ငံပိုင် CCTV ရုပ်သံက ထုတ်လွှင့်တဲ့ ရုပ်သံမှတ်တမ်းမှာတော့ ကိုယ်ထည်ချည်းသက်သက်ဖြစ်တဲ့ အဲဒီယာဉ်ဟာ လမ်းကြောင်းပေါ်မှာ နောက်က အငွေ့တန်းတွေထွက်ပြီး ဝါးခနဲ ဖြတ်မောင်းသွားတာကို မြင်တွေ့ရပါတယ်။ ဒါဟာ မယုံနိုင်လောက်စရာ ကောင်းတဲ့ အရှိန်နှုန်းနဲ့ အရှိန်မြှင့်ချိန်၊ ဘရိတ်ဖမ်းချိန်တွေမှာ တိကျတဲ့ လျှပ်စစ်သံလိုက် ထိန်းချုပ်နိုင်စွမ်းရှိတာကို ပြသနေတာပါ။

China's record-smashing maglev achieves 0-700km/h acceleration in less than  2 seconds | South China Morning Post

ဒီစမ်းသပ်မှုဟာ superconducting maglev ရဲ့ အမြန်ဆုံးအရှိန်နဲ့ အရှိန်မြှင့်တင်နိုင်မှုအတွက် စံချိန်တင်လိုက်တာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အလွန်မြန်ဆန်တဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ အနာဂတ် hyperloop ဒါမှမဟုတ် လေကြောင်းနဲ့ အာကာသ နည်းပညာတွေအပေါ် ကြိုးပမ်းအားထုတ်မှုတွေကို ပိုမိုအားကောင်းလာစေမှာ ဖြစ်ပါတယ်။

Ref : Technology Innovation