Imperial College London က သုတေသီတွေဟာ အဓိက နှလုံးရောဂါသုံးမျိုးဖြစ်တဲ့ နှလုံးအလုပ်မလုပ်တော့ခြင်း (heart failure)၊ နှလုံးခုန်စည်းချက်မမှန်ခြင်း (atrial fibrillation) နဲ့ နှလုံးအဆို့ရှင်ရောဂါ (valve disease) တို့ကို ၁၅ စက္ကန့်အတွင်း သိရှိနိုင်တဲ့ AI စွမ်းအင်သုံး နားကြပ် (stethoscope) တစ်ခုကို တီထွင်လိုက်ပါတယ်။

New AI Stethoscope Can Detect Serious Heart Conditions In Just 15 Seconds |  Health and Me

ကယ်လီဖိုးနီးယားအခြေစိုက် Eko Health နဲ့ ပူးပေါင်းတီထွင်ထားတဲ့ ဒီကိရိယာဟာ ဖဲချပ်တစ်ချပ်အရွယ်အစားလောက်ပဲရှိပြီး သမားရိုးကျ နားကြပ်ရဲ့ ရင်ဘတ်မှာကပ်တဲ့အပိုင်းကို အစားထိုးထားတာပါ။ နှလုံးခုန်သံနဲ့ ECG ကို တစ်ချိန်တည်းမှာ မှတ်တမ်းတင်ပြီး အချက်အလက်တွေကို cloud ပေါ်ကို ပို့ပေးပါတယ်။ အဲဒီမှာ ထောင်ပေါင်းများစွာသော ရောဂါဖြစ်စဉ်တွေနဲ့ လေ့ကျင့်ပေးထားတဲ့ AI က ဆရာဝန်တွေ သတိမထားမိနိုင်တဲ့ သိမ်မွေ့တဲ့ ပြဿနာတွေကို ရှာဖွေပေးပါတယ်။ ရလဒ်တွေကို စမတ်ဖုန်းဆီကို ချက်ချင်းပြန်ပို့ပေးတာ ဖြစ်ပါတယ်။

Upgraded' Stethoscope Diagnoses Heart Problems in Just 15 Seconds - Newsweek

UK မှာ လူနာ ၁၂,၀၀၀ ကျော်နဲ့ စမ်းသပ်ခဲ့ရာမှာ ဒီ AI နားကြပ်ဟာ သာမန်စစ်ဆေးမှုတွေထက် နှလုံးရောဂါတွေကို ပိုမိုတိကျစွာ ရှာဖွေနိုင်ခဲ့ပါတယ်။ နှလုံးအလုပ်မလုပ်တော့တဲ့ ရောဂါကို နှစ်ဆ၊ နှလုံးခုန်စည်းချက်မမှန်တဲ့ ရောဂါကို သုံးဆ နဲ့ နှလုံးအဆို့ရှင်ရောဂါကို နှစ်ဆနီးပါး ပိုမိုရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

Ref : Technology Innovation