ဗီယင်နာမှ TU Wein ရှိ သုတေသနပညာရှင်တွေက လူသားတွေထံကနေ လေ့လာသင်ယူနိုင်ပြီး ပန်းကန်ဆေးတာလို အိမ်အလုပ်မျိုးစုံကို လုပ်ပေးနိုင်တဲ့ စက်ရုပ်ကို တီထွင်လိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ ဆန်ဆာတွေကနေ လူသားတွေရဲ့ အပြုအမူတွေကို လေ့လာသင်ကြားတာ ဖြစ်ပါတယ်။
ဒီထူးခြားဆန်းသစ်တဲ့ နည်းပညာမှာ ရှုပ်ထွေးတဲ့ Programming တွေ မလိုအပ်ဘဲ စက်ရုပ်ဟာ မတူကွဲပြားတဲ့ ပစ္စည်းတွေကို သိနိုင်ပြီး သင့်တော်တဲ့ အားနဲ့ လှုပ်ရှားမှုကို ပြုလုပ်နိုင်ပါတယ်။ စက်ရုပ်ကို Neural Network နဲ့ လေ့ကျင့်သင်ကြားပေးတာ ဖြစ်ပြီး လူက တစ်ကြိမ်ထဲ သရုပ်ပြသတာနဲ့စက်ရုပ်က အလုပ်ကို တိကျမှန်ကန်စွာ ပြုလုပ်နိုင်ပါတယ်။
ဒီနည်းပညာကြောင့် စက်ရုပ်ဟာ အိမ် အလုပ်တွေ အပြင် ပေါလစ်တိုက်တာ၊ ဆေးသုတ်တာလို အလုပ်တွေကိုပါ ပြုလုပ်နိုင်ပါတယ်။ စက်ရုပ်ဟာ သူ သင်ကြားထားတာတွေကို တခြား စက်ရုပ်တွေကို မျှဝေပေးနိုင်ပြီး စက်ရုပ်တွေအကြားမှာ ပညာတွေကို လျှင်မြန်စွာ ဖလှယ်နိုင်တဲ့အတွက် အလွန် အသုံးဝင်ပါတယ်။ အဲဒီစက်ရုပ် နည်းပညာကို IROS 2024 Journal မှာ မျှဝေထားတာ ဖြစ်ပြီး စက်ရုပ်နဲ့ အလိုအလျှောက် အလုပ်လုပ်တဲ့ နည်းပညာ နယ်ပယ်မှာ အဓိကကျတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်လာပါတယ်။
ဒီနေ့ခေတ်မှာ စက်ရုပ်မျိုးစုံကို တီထွင်လာကြပြီး နယ်ပယ်မျိုးစုံမှာ အသုံးပြုလာကြပါတယ်။ ပထမဆုံး ပေါ်ထွက်လာမယ့် စက်ရုပ်တွေကတော့ လူသားတွေအတွက် နေအိမ်မှာ အလုပ်ကူညီလုပ်ပေးမယ့် စက်ရုပ်တွေ ဖြစ်ပါတယ်။
Ref: Tech Explorers