စင်ကာပူမှ သုတေသနပညာရှင်တွေက မိုးရေစက်တွေကနေ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်တဲ့ နည်းလမ်းကို တီထွင်လိုက်ပါတယ်။ အဲဒီနည်းလမ်းမှာ မိုးရေစက်တွေကို ဒေါင်လိုက် Tube တစ်ခုနဲ့ ခံယူတာ ဖြစ်ပါတယ်။ ရေတွေဟာ Tube ထဲဝင်ရောက်လာတဲ့အခါမှာ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ပေးပါတယ်။ စမ်းသပ်ချက်မှာ အဲဒီကနေ LED မီးလုံး ၁၂ လုံးကို စက္ကန့် ၂၀ ကြာ လျှပ်စစ်ဓါတ်အား ပံ့ပိုးပေးနိုင်ပါတယ်။

Innovative Electricity Generation from Raindrops in Singapore | Sigorta  Haber

၁၂ လက်မ ပိုလီမာ Tube ထဲကို မိုးရေတွေ ကျဆင်းအောင် ပြုလုပ်ထားပြီး ရေတွေရဲ့ ရွေ့လျားမှုကနေ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ကျလာတဲ့ မိုးရေစက်တွေရဲ့ ၁၀ ရာခိုင်နှုန်းကို လျှပ်စစ်စွမ်းအင် ပြောင်းလဲပေးနိုင်ပါတယ်။

Raindrop electricity generation breakthrough in Singapore lab

အခုထူးခြားဆန်းသစ်တဲ့ နည်းလမ်းက စွမ်းအင် ထုတ်လုပ်မှုကို သိသိသာသာ တိုးတက်စေပါတယ်။ Tube ၂ ခုကို အသုံးပြုရင် လျှပ်စစ်စွမ်းအင် ၂ ဆ ထုတ်လုပ်ပေးနိုင်တာကို စမ်းသပ်ချက်မှာ တွေ့ရပါတယ်။ ဒီနည်းလမ်းကို လက်တွေ့ကမ္ဘာမှာ အသုံးချပြီး လျှပ်စစ်စွမ်းအင် အများအပြားထုတ်လုပ်နိုင်အောင် ပညာရှင်တွေက ဆက်လက်တီထွင်ကြမှာ ဖြစ်ပါတယ်။

ရေအားလျှပ်စစ် ဆိုတာကတော့ မထူးဆန်းဘဲ နှစ်ပေါင်းများစွာ ကတည်းက အသုံးပြုလာကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနည်းလမ်းက မိုးရေစက်တွေကို တိုက်ရိုက်ခံယူကာ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တာက ထူးခြားပါတယ်။

Ref : Fossbytes